9:4

1.6K 276 9
                                    

9:4

မျက်လုံးတည့်တည့်ဖြာကျ
နေသောအလိုက်မသိသည့်နေရောင်ခြည်ကြောင့် ဘယ်လောက်ဘဲ မျက်လုံးကို စုံမှိတ်ထားပါစေ ၊ အကျုံးမဝင်ခဲ့ ။ လေးလံနေသည့်ခေါင်းကို မနည်း ထူမ ရင်း ကိုက်ခဲနေသည့် ကျောရိုးကို သက်သာလိုသက်သာငြား လက်ဖြင့် ထုလိုက်သည်။ သူညက မှတ်မိတာဆို၍ ယံနောင်အိမ်သို့
ရောက်လာပြီး နှစ်ယောက် အတူ သောက်စားခဲ့ခြင်းသာ ။ ကျန်တာတော့ဘာမှမဖြစ်ခဲ့ ။

အိပ်ရာမှ ထရန် စိတ်ကူးရှိပါသော်လည်း သူ့ရဲ့ခန္တာကမူ စိတ်နဲ့ မလိုက်နိုင်ချေ။ အိပ်ရာပေါ်၌ တစ်နာရီကြာအောင် မှောက်အိပ်ပြီးအကြာမှ ထနိုင်သည်။
အချိန်က နေ့လည် ၁၂နာရီတောင် ရောက်နေပြီဖြစ်ပြီး ထိုအချိန်ထိ အိပ်နေတာတောင်မှ မဖွင့်ချင်သေးသော သူ့မျက်လုံးများကို အံ့သြမဆုံး ။

Avi မြင်သလောက်ကတော့ အခုလက်ရှိသူ့ရဲ့အိမ်က သန့်ရှင်းနေသည်။ မနေ့က သူကိုယ်တိုင်ဖွထားခဲ့သည့်အရာတွေကိုလည်း ရှင်းလင်းထားခြင်း ခံထားရပြီး ဒီနေ့ လုပ်မည်ဟု တေးမှတ်ထားသော အိမ်သန့်ရှင်းရေးကိုပါ တစ်ယောက်ယောက်မှ လုယူသွားခဲ့သည်။အပြင်ဘက်တွင် မလျှော်ရသေးဘဲ ချောင်ထိုးထားသည့် avi အဝတ်တွေက နေလှန်းခံနေရသည်။
ယံနောင် လျှော်ပေးသွားပုံရပြီး စားပွဲပေါ်တွင်တော့ စာတိုတစ်စောင်နှင့် အတူ အုပ်ဆောင်းဖြင့်အုပ်ထားသော ပဲပင်ပေါက်ဟင်းရည်။

စာတိုပေါ်တွင် ဟင်းချိုမသောက်မှီနွှေးသောက်ဖို့ရေးထားပြီး မနက်ဖြန် တွေ့ကြဖို့ နေရာနှင့်တကွ ချိန်းဆိုထားသည်။ လူကိုယ်တိုင်ပြောတာဘဲဖြစ်ဖြစ် ဖုန်းနဲ့ မက်ဆေ့ပို့တာဘဲ ဖြစ်ဖြစ်လုပ်လို့ရတာကို
ကိုရီးယားဆန်နေသေးသည့် ယံနောင်ကြောင့် avi ရယ်လိုက်မိသည် ။

ဟင်းချိုက ပူနေသေးတာကြောင့် နွှေးမနေတော့ဘဲ ဒီတိုင်း တဇွန်းသောက်လိုက်ပေမဲ့ဆိုးဝါးသည့်အရသာကို မြည်းစမ်းလိုက်ရတာ​ကြောင့် ပန်းကန်ထဲ ပြန်ထွေးထုတ်မိသည်။ ပဲပင်ပေါက်တွေကို ထိပ်ပိုင်းတွေ ခြွေထားခြင်းမရှိ ဒီအတိုင်းထည့်ထားပြီး
ဘာမှန်းမသိသည့် အရသာက ပြောပြလို့မရအောင်ပင်။ avi ထိုဟင်းရည်တွေကိုသွန်ပစ်လိုက်ပြီး မနေ့က ကျန်နေသေးသည့် အမြည်းကိုသာ စားလိုက်သည်။ မနေ့က ကျန်နေသည့်အကျန်ကပင် ယံနောင်ချက်သည့်ဟင်းရည်ထက်အဆပေါင်းများစွာ သာလွန်ပါသည်။

Resinner : Resystem ( Complete )Where stories live. Discover now