10:24

814 140 2
                                    

Arc 10:24

( Host တစ်ခုခုလုပ်ဖို့မစဥ်းစားတော့ဘူးလား )

'ငါဒီတိုင်းသူနဲ့ပဲ နေချင်တယ် '

( Host မကြာခင် Lynxရဲ့ လွှမ်းမိုးခံရတော့မယ် ဒါတောင်ဘာမှမလုပ်သေးဘူးလား ။ ပျောက်ကွယ်ခါနီးနတ်ဘုရားကို ပြုစု ၊ ပန်းပင်ရေလောင်း ၊ ပန်းချီဆွဲဒီလိုနဲ့ ဒီကမ္ဘာကိုဒီအတိုင်းပြီးတော့မှာလား )

' Zole က မပျောက်ကွယ်သွားဘူးလို့ငါ့ကို ကတိပေးထားတယ် '

( သူပျောက်ကွယ်တာမကွယ်တာက အဓိက မဟုတ်ဘူးလေ ။အရေးကြီးတာ Host ပျောက်ကွယ်သွားရတော့မှာ ။ Zeroပျောက်ကွယ်သွားရတော့မှာ ။Host ဘာတွေဖြစ်သွားတာလဲ )

'ခပ်ပေါပေါပြောရမယ်ဆို
ဦးနှောက်နဲ့နှလုံးသားအားပြိုင်ရာဝယ် နှလုံးသား အနိုင်ရသွားတယ်လို့ပေါ့ ။ငါအခုလက်ရှိသူနဲ့ပဲနေချင်ပြီး ကျန်တာအားလုံးဘေးဖယ်ထားချင်တယ်။ ပြီးတော့ ငါပျောက်ကွယ်မသွားနိုင်ပါဘူး ဟုတ်တယ်မလား '

မဖြစ်လာသေးတဲ့အရာတစ်ခုကို ဖြစ်ကိုဖြစ်လာရမည့်အလား Oneက တစ်ထစ်ချအခိုင်အမာပြောနေသည်။

( မရဘူးလေ Host မရဘူး! Host zero ရဲ့ဝိညာဥ်တွေကို အကုန်စုဆောင်းပြီးမှ ဒီကမ္ဘာလွန်သွားမှ Host သူနဲ့ပျော်ပျော်ရွင်ရွင်နေနိုင်မှာလေ ။ Host သူနဲ့ပျော်ပျော်နေရမှာလေ )

'သေချာလား ။ အကုန်လုံးအဆုံးသတ်သွားတဲ့အခါ သူနဲ့ငါ ပျော်ရွင်စွာအတူနေရမယ် ဇာတ်သိမ်းမယ်ဆိုတာ သေချာလား '

တောက်လျှောက်အခိုင်အမာဆိုလာသော One သည် ဤတစ်ချီတွင်မူ တိတ်ဆိတ်သွားသည်။

' အကယ်လို့အဲ့ဒါသာ သေချာရင် ငါ့မှာ ရှိသမျှဘာမဆိုပေးလိုက်နိုင်တယ် '

( Host မရူးပါနဲ့တော့ ၊ ကျေးဇူးပြုပြီး)

Avi One ရဲ့စကားကိုဆက်နားမထောင်တော့ဘဲ သူပိုင်သည့် ဘာမှမရှိတဲ့ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားလိုက်သည်။ ဘာမှမရှိသည့် အရာထဲကို သူရောက်သွားသည့်အခါမှ One ရဲ့စကားသံများက ပြတ်ကျန်ခဲ့သည်။ Vain သည် သူ့ကို လာရောက်မတွေ့သည်မှာ အချိန်ကြာပြီဖြစ်၏ ။ စိတ်ပူစရာ ထွေထူးမရှိပေမဲ့ အဖြေတစ်ခုကိုတိတိကျကျပေးနိုင်မည့်သူရှိတာ နေရထိုင်ရအဆင်ပြေသည်။

Resinner : Resystem ( Complete )Where stories live. Discover now