hello

1.7K 178 20
                                    

အွန်း...arc 9 ပြီးရင် arc 10 က လာကိုလာမှာပါ ။
Real world လည်း ရေးဖြစ်မှာ ဖြစ်လောက်သလို Extra လေးတွေလည်း တစ်ပိုင်းတစ်စ နဲ့ တစ်ခုဆီကြိုရေးနှင့်ပြီးသားဘဲ ။ ဒီတော့ချက်ချင်းကြီးဇာတ်သိမ်းမှာမဟုတ်ပါဘူး ။ ဘယ်လိုပြောရမလဲ arc 9 ပြီးလို့ အချိန်တစ်ခုလောက်အနားယူချင်တဲ့သဘောပါဘဲ ။

အဲ့ဒီ့အချိန်အတွင်းမှာ ကိုယ်စာအုပ်တွေ ရုပ်ရှင်တွေဖတ်မယ်၊ ​ကြည့်မယ်။

အခြားတစ်ဖက်ကနေ avi ကို ရေးကြည့်ဖို့ကြိုးစားမယ်။ avi က ဇာတ်သိမ်းကောင်းနဲ့ဘဲ တွေ့သင့်တဲ့သူပါ ။ ဒါကြောင့် ကိုယ်ကြိုးစားရမယ်လေ ။ကိုယ်ကြိုရေးထားပြီးသား ဇာတ်သိမ်းကိုဖျက်ဆီးလိုက်တော့မယ်။ပြီးတော့ ကိုယ်က ခင်ဗျားတို့သိတဲ့အတိုင်း စကားလုံးဝေါဟာရရော အသိဉာဏ်ရော မကြွယ်ဝတော့ တစ်ခါတစ်ရံ ကိုယ့်အတွက်ရော မင်းတို့အတွက်ပါ ဖတ်ရတာရှုပ်နေမှာလေ ။ ဒီတော့ဖြင့်
ကိုယ့်ကိုကြိုးစားကြည့်ဖို့အချိန်ပေးစေချင်တာပါဘဲ။

Arc 9 အတွက် comment လေးတစ်ခုတော့
တွေ့မိသား ။ ညီလင်းက ဘာမှမလုပ်ခဲ့ဘူးနော်တဲ့ ။
ဟုတ်တယ် ညီလင်းဘာမှမလုပ်ခဲ့ဘူး ။ အန်ရဲ့အကြောင်းကိုသူသိပေမဲ့ ဘယ်သူ့ကိုမှလည်းသူမပြောပြခဲ့ဘူး ။ နောက်ဆုံးသူ့ကို အေရိပ်ငြိမ်သေနတ်နဲ့ရွယ်တာတောင်မှ သူအဲ့အ​ကြောင်းတစ်ခွန်းမှ မထွက်ခဲ့ဘူး ။ avi က Darling သေသွားရတဲ့အကြောင်းအရင်းကို နောက်ဆုံးအချိန်ထိ ညီလင်းသတ်ခဲ့တယ်လို့အထင်မှားသွားခဲ့တာ ။

ပြီးတော့ Darling နဲ့ အန်အကြောင်း ၊ သူတို့နှစ်ယောက်အကြောင်းက အမှန်တော့ကိုယ်ရေးထားတာထက်ပိုပြီးရှုပ်တယ်။ ကိုယ် သူတို့နှစ်ယောက်အကြောင်းကို ရေးတယ်၊ ပြီးတော့ဖတ်ကြည့်တယ် ။ အရမ်းဆိုးလွန်းတယ် ၊ အပိုင်း၁ ဖတ်ပြီးနောက် အခြားအပိုင်းတွေဖတ်ရမှာဝန်လေးနေတယ်လို့ message မှာ reader လေးတစ်ယောက်လာပြောတာကို ဖတ်ပြီးနောက်ပိုင်း ကိုယ်ထိန်းချုပ်ပြီးရေးခဲ့တယ်။အရင်ကတည်းက Arc 9 ကိုအရမ်း ကြီးလွန်ကဲမနေအောင်ထိန်းရေးထားရပါတယ်ဆိုမှ သူတို့နှစ်ယောက်ရဲ့အကြောင်းက အရမ်းကိုမှောင်နေတယ်။ ဒီတော့ကိုယ်ရေးထားတဲ့ စာလုံးပေါင်းသောင်းချီကို ဖျက်ပစ်ပြီး အဲ့ဒီ့နေရာမှာအတိတ်ဆိုးဆိုတဲ့ စကားလုံးတစ်ခုကိုသာ အစားထိုးပြီးရေးခဲ့တယ်။ arc 9 မှာ အရမ်းကိုယ့်ကိုကိုယ်ထိန်းပြီးရေးခဲ့ရတော့ အချို့ဟာတွေက ကိုယ်လိုချင်သလောက်မပေါက်ရောက်ခဲ့ဘူး ။ ဒီ့အတွက်တောင်းပန်ပါတယ်။

Resinner : Resystem ( Complete )Where stories live. Discover now