6:7

4.4K 649 27
                                    

ဒီအိမ်မှာ သူနေရတာ ဒါနဲ့ဆို တစ်လပြည့်ပြီ။ ပုံမှန်မဟုတ်တဲ့အိမ်ရဲ့အခြေအနေကို ယခင်ကထက်ပိုပြီးရင်းနှီးလာပြီ။ သူ ဒီအိမ်မှာနေရတဲ့အချိန်အတွင်း သူ့ရဲ့အရင်က
လွင်ပြင်ရိပ်ဆိုတဲ့နာမည်ကို မေ့ထားရတယ်။ သူက ဒီအိမ်ကသခင်လေးရဲ့
ခွေးတစ်ကောင်ဆိုတဲ့အသိကို ရိုက်သွင်းပေးထားတယ်။ ကျွန်တော်လိမ္မာရင် ထမင်းပူပူဟင်းပူပူကျွေးတယ်။ အခန်းထဲက ကြမ်းပြင်မှာ ဝင်အိပ်ခွင့်ရတယ်။ ကျွန်တော် အမှားလုပ်မိရင် ညစာမစားရဘဲ သခင်လေးရဲ့အခန်းရှေ့က ကြမ်းပြင်မှာ အိပ်စက်ရတယ်။ သည်းမခံနိုင်အောင်ဗိုက်ဆာတဲ့ညတွေမှာ မီးဖိုချောင်ထဲက ထမင်းသိုးတွေ သွားခိုးစားရတယ်၊ မနက်ဆို ပုံမှန်ထက်စောထပြီး သာမန်ခွေးတွေလို သခင်ကိုနိုးပေးရတယ် ။တစ်နေ့လုံးနောက်ကနေ တောက်လျှောက်လိုက်ပေးပြီး လိုအပ်သမျှလုပ်ပေးရတယ်။

သူအတွက်တော့ကျွန်တော်က အသိဉာဏ်ရှိပြီးစကားပြောတတ်တဲ့ခွေးတစ်ကောင်။
သခင်လေးက အခြားလူတွေလိုကျောင်းမတတ်ဘူး။ အိမ်မှာဘဲဆရာခေါ်သင်တယ်၊ အပြင်ဖြေအနေနဲ့စာမေးပွဲဖြေတယ်။

သူကြားသလောက်ကတော့ သခင်လေးရဲ့အခြေအနေက အရမ်းထူးဆန်းသည့်အတွက်ကြောင့် အခြားသူတွေလိုစာသင်ပေးလို့မရဘူးတဲ့ ကျွန်တော်သိသလောက်တော့သခင်လေးက အရမ်းဉာဏ်ကောင်းတယ် ၊ ထူးခြားတဲ့ပစ္စည်းတွေကိုထွင်နိုင်ပြီး ရွယ်တူအခြားကလေးတွေထက် တော်တယ်။
ကျွန်တော်က ထူးခြားတဲ့ပစ္စည်းတွေကို ကိုယ်တိုင်စမ်းသပ်ရတဲ့ အစမ်းသပ်ခံဆိုပေမဲ့သခင်လေးတော်မှန်းမငြင်းနိုင်ဘူး။သခင်လေးရဲ့စမ်းသပ်ချက်တွေက နာကျင်ရတယ်၊ တစ်ခါတစ်လေ အချိန်တော်တော်ကြာကြာထိသတိမေ့သွားတယ် ၊ ဘာမှန်းမသိတဲ့အရည်တွေအထိုးခံရပြီး သူဝိညာဉ်လွင့်မတတ်ဖြစ်သွားသေးသည်။

သခင်လေးက သာမန်လူတွေမမှန်းဆနိုင်တဲ့
ထူးဆန်းတဲ့ တီထွင်မူ ၊စမ်းသပ်မူတွေလည်းလုပ်သည်။ အများစုကတော့လူကို သေစေနိုင်လောက်တဲ့အရာတွေချည်းဘဲ ။ ဒါပေမဲ့ကျွန်တော်မသေခဲ့ဘူး။ အဲ့တာကြောင့် သခင်လေးရဲ့စမ်းသပ်မူတွေက မအောင်မြင်ခဲ့ဘူး၊ဒီနေ့ သခင်လေးကို သူ့ကိုဒီခေါ်လာတဲ့လှပတဲ့အမျိုးသမီးလေးကခေါ်သဖြင့် ထိုနေရာကိုသွားသည့်အတွက် ခွေးတစ်ကောင်ဖြစ်သည့်သူက အနောက်ကနေလိုက်ခဲ့ရသည်။

Resinner : Resystem ( Complete )Where stories live. Discover now