6:4

6.2K 847 41
                                    

မှောင်မဲနေတဲ့ အခန်းထဲမှာ လွင်ပြင့် ခန္တာကိုယ်တစ်ခုလုံး နုံးချိစွာ ဖြင့် နိုးထလာရသည်။ ခြေထောက်က နာကျင်နေမူနဲ့အတူ တရိပ်ရိပ်မူးဝေနေတဲ့ ခေါင်းကြောင့် အိပ်ရာ ပေါ် မှာ ပြန်လှဲ နေလိုက်ရသည်။

"02 ငါမေ့သွားတာ ဘယ်နှစ်ရက်ရှိပြီလဲ "

(Code -01 မေ့လျော့သွားတာ ဒီနေ့နဲ့ဆို
သုံးရက် မြောက်နေ့ပါ)

" အဲ့အချိန်တွေမှာ ငါ့ကို နိုးဖို့အတွက် မင်းဘာလို့မစဥ်းစားရတာလဲ "

( ခွင့်ပြုချက်မရှိတဲ့ ကိစ္စ တွေကို Resystem တွေမှ လုပ်ဆောင်ခွင့်မရှိပါ ။ ဌာနချုပ်မှ
Resystem 01 ခေါ်  One ကို ပြန်လည် ပြင်ဆင် မူ ပြီးစီးတော့ပါမည်။ ထိုအချိန်အတွင်း ဘာများခိုင်းချင်တာ ရှိပါသေးလဲ )

" One?One ဆိုတာ ဘယ်သူလဲ "

( Code 01 ရဲ့ အရင် Resystemပါ )

ReSystem ...ငါ့ရဲ့ Resystem ကို ငါ ဘာဖြစ်လို့ မမှတ်မိရတာလဲ ။ လွင်ပြင် 02 ကိုမေးဖို့ လုပ်လိုက်ပေမဲ့ တံခါးဖွင့်သံနဲ့အတူ အပြင်မှအတင်းတိုးဝင်လာတဲ့ အလင်းရောင်နှင့် လူရိပ် တစ်ခု ကြောင့် မေးဖို့ လုပ်ထားသည့် စကားများကို ခဏ မြိုသိပ်လိုက်ရသည်။ တံခါးဝမှာ ရပ်နေတာက ဝတ်စုံအဖြူဖြင့်
မျက်စိကျိန်းလောက်အောင် ကြည့်ကောင်း
နေတဲ့ မင်းရတုပိုင်။

" ကိုကို တောင် နိုးနေပြီဘဲ ဆောရီးနော်။ ကျွန်တော်အပြင်မှာ လုပ်စရာ နည်းနည်းရှိလို့ နောက်ကျမှ ရောက်လာမိတာ "

" ဘာလို့ ငါ့ကို ဒီလို ဖမ်းထားရတာလဲ။ မင်းရတုပိုင် မင်းဘာလိုချင်လို့လဲ "

" ကိုကို ဆန်ပြုတ်အရင်သောက်နော်
ကိုကို ဗိုက်ဆာနေပြီမဟုတ်လား "

ဆန်ပြုတ်ဗန်းလေး ကို လက်နှစ်ဖက်နဲ့ ကိုင်ထားကာသွားတတ်လေးတွေ ပေါ် အောင်
ပါးချိုင့်လေး တစ်ဖက် ခွက်ဝင်သွားလောက်တဲ့ အထိ အပြစ်ကင်းစွာရယ်ပြီး ပြောနေတဲ့ မင်းရတုပိုင်ကြောင့် စိတ်ထဲမှာ ပြောဖို့ပြင်ထားသည့် စကားတချို့လေထဲမှာပင် လွင့်​ပျောက်သွားသည်။

အဲ့လောက်အထိ ကို ထိုအပြုံးက
သူ့ကို ဖမ်းစားနိုင်သည်။သူမထင်မှတ်ထားတဲ့အထိပေါ့။

Resinner : Resystem ( Complete )Where stories live. Discover now