6:8

4.4K 767 26
                                    


သူ့ရဲ့အရှေ့မှာ ခြေဗလာဖြင့်မတ်တပ်ရပ်နေသော လွင်ပြင်ရိပ်လို့ခေါ်သည့်သူ့ရဲ့ ခွေးတစ်ကောင်။ထားပါတော့ ကိုယ့်ထက်အသက်ကြီးတဲ့လူကို ခွေးလို့ခေါ်တာအရမ်းရိုင်းတဲ့အတွက် လွင်ပြင်ရိပ်ဆိုတဲ့နာမည်ဘဲခေါ်တော့မယ်။ပထမဆုံးအနေနဲ့ သူ 'လွင်ပြင်ရိပ်'လို့ ခေါ်လိုက်သည့်အချိန်က ထိုခွေး မဟုတ်သေးဘူး ၊ လွင်ပြင်ရိပ်က အံ့သြ သွားပုံရသည်။

ထိုခွေးက အရမ်းအကြမ်းခံသည်၊ သူပစ္စည်းမျိုးစုံနှင့်နာကျင်အောင်စမ်းသပ်နေတာတောင်သူ့ဘေးက နည်းနည်းမှမခွာသလို
ဂေါက်တံဖြင့်ကျောကုန်းတွေစုတ်ပြတ်သတ်အောင် အရိုက်ခံရသည့်နေ့ကလည်း မျက်ရည်တစ်စက်မထွက် ၊ အခုအခြေအနေမှာတော့ သူက အဝတ်ညှပ်သည့် ညှပ်တွေဖြင့် လွင်ပြင်ရိပ်ရဲ့ ခြေချောင်းလေးတွေကိုညှပ်နေသည်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ခြေချောင်းလေးတွေက အရမ်းလှလွန်းနေတယ် ။

လွင်ပြင်ရိပ်ဆိုသည့်သူ့ရဲ့
အစေခံက သူ့လိုဘဲပုံစံတူ ​ဖြစ်ရမည်။
ခြေချောင်းလေးတွေမှာ ဒဏ်ရာရှိရမည်၊ အမာရွတ်ရှိရမည်။ သူရဲ့ခြေချောင်းမှာရှိသည့် အမာရွတ်တွေနှင့်ပုံစံတူသော ဒဏ်ရာတွေကို လွင်ပြင်ရိပ်ကိုပေးအပ်ရမည်။ သူ ညှပ်ဖြင့်ညှပ်နေသည့် ဒဏ်ရာတွေက သွေးတွေစိမ့်ထွက်လာသော်လည်း မျက်နှာတစ်ချက်မပျက်သည့် လွင်ပြင်ရိပ်အား သူမသိစိတ်က သဘောကျသွားမိသည်ထင်သည်။
ဒီအိမ်မှာ လွင်ပြင်ရိပ်လိုမျိုး သူလုပ်သမျှသည်းခံနိုင်တဲ့သူမရှိပေ။

သူသဘောကျ ဒဏ်ရာပေးပြီး
နောက်မှာတော့ လွင်ပြင်ရိပ်ကို
ဆေးနဲ့ပတ်တီးလိပ်တွေကိုပေးလိုက်ပြီး ဆေးပြန်ကုခိုင်းလိုက်သည်။ အမာရွတ်ပျောက်ဆေးကိုတော့ တမင်တကာ ထိန်ချန်ထားခဲ့သည်။ဒဏ်ရာပေါ် အရက်ပြန် သုတ်လိုက်တာတောင်မှာ မျက်နှာတစ်ချက်မတွန့်သွားသည့် လူမျိုးကို ဘယ်လိုခေါ်သင့်ပါသလဲ ။

အခုသူလုပ်နေသည့် စမ်းသပ်မူတစ်ခုရှိသည်၊ နည်းနည်းတော့ထူးခြားပေမဲ့ အကုန်လုံးနီးပါး လွင်ပြင်ရိပ်ရဲ့ Character ကို ထည့်သွင်းပေးထားသည်၊ သူအခုတစ်လော မြင်တွေ့မိနေသည့် သတိထားမိနေသည့် လွင်ပြင်ရိပ်ရဲ့အကျင့်စရိုက်တွေအကုန်လုံးထည့်သွင်းထားသည။၊သို့သော်လည်း သူထိုအရာကိုလက်တွေ့မစမ်းသပ်ချင်သေး။ အန္တရာယ်များလွန်းသဖြင့် လွင်ပြင်ရိပ်မစမ်းသပ်သင့်ဟု သူထင်သည်။မနက်ဖြန် သူ့ရဲ့ အဖေ တစ်နည်းအားဖြင့် ကြီးပျင်းလာသည့်အချိန်မှ တွေ့ခဲ့ရသည့်အဖေလာမည် ဖြစ်သောကြောင့် သူအရမ်းပျော်သည်။

Resinner : Resystem ( Complete )Onde histórias criam vida. Descubra agora