8:29

1.8K 302 5
                                    

8:29

သားရဲနှစ်ကောင် အသေ
အကြေတိုက်ခိုက်နိုင်လောက်
သည့်အထိ ကျယ်ဝန်းလှသောဒီ ဟောခန်းအကျယ်ကြီးကယခုမူ ဂိုဏ်းအသီးသီးမှကျင့်ကြံသူများ
အကြီးအကဲတွေနှင့် ဂိုဏ်းချုပ်တွေ စုဝေးနေတာကြောင့် ပြည့်နှက်နေသည်။ဟွားလျန်ဂိုဏ်းချုပ် အဖိုးကြီးကတော့ ဒီဟောခန်းရဲ့အလယ်တွင် ထိုင်နေပြီး သူ့အောက် တစ်ဆင့်နိမ့်သည့်နေရာတွင်ဖူးလုဂိုဏ်းချုပ်နှင့် သူ့အနောက်တွင်တော့ လုရှောင်းယန်က မတ်တပ်ရပ်လျက်ရှိသည်။လုရှောင်းယန်ဟာ
ဖူးလုဂိုဏ်း ရဲ့ နောက်လာမည့်ဆက်ခံသူ ဖြစ်ကြောင်း ကြိုတင် "ကြေညာ"ထားသည်နှင့်
မခြား ။ လုရှောင်းယန်က သူ့ကိုပထမဆုံးစတင်တွေ့ခဲ့သူဖြစ်တာကြောင့်အံ့သြထင်ရှားမူတွေက မျက်နှာမှာအတိုင်းသားပင်။

ထိုအောက်တွင်တော့ပုံစံမျိုးစုံ
ဝတ်စုံတစ်ရောင်စီနှင့် အသီးသီးစုဖွဲ့လျက်ရှိကြသော ဂိုဏ်း အသေးလေးများရှိနေကြပြီး ဟွားလျန်ဂိုဏ်းရဲ့ လက်အောက်ခံဂိုဏ်းအသေးလေးများနဲ့အတူ
ဖူးလုဂိုဏ်းရဲ့လက်အောက်ခံဂိုဏ်းငယ်လေးတွေပါ ရှိနေ၏။သို့သော်ငြား ထိုအထဲတွင် ဟွမ်းရီဂိုဏ်းရဲ့ အရိပ်အယောင် ကို တော့ အနည်းငယ်တောင် မမြင်ပေ။

ဂိုဏ်းအသီးသီးရဲ့ဂိုဏ်းချုပ်တွေအကုန်ဒီနေရာမှာ ရှိနေကြသည်ဖြစ်ရာ မိစ္ဆာနယ်မြေရဲ့ဂိတ်ဝမှာရှိနေကြသည့် ကျင့်ကြံသူလေးတွေကျတော့ရော ၊ သူတို့လို ကျင့်ကြံသူတွေက ဒီမှာစားပွဲလာလုပ်နေကြတော့ ကျင့်ကြံဆင့်နိမ့်တဲ့ မိစ္ဆာနယ်မြေမှာတိုက်ခိုက်နေကြတဲ့ သူတွေက အပျော်တမ်း သွားသေ ပေးနေရတာလား ။ ဒီပွဲကို အစကတည်းက နိုင်အောင်တိုက်ချင်တယ်ဆိုရင် သူတို့လို အကြီးအကဲတွေကပါ ထိုနေရာမှာ တပ်စွဲထားသင့်သည်။ ဒီလူတွေက ဒီလောက်ထိ ဉာဏ်မရှိတာတော့ မဟုတ်တန်ရာ ၊ အနောက်တွင် အခြားတစ်ခု ကွယ်ဝှက်ထားနိုင်လောက်မည်။ ဒါမှမဟုတ်လည်း ဒီလူတွေက အမှန်တကယ်ကိုသတ္တိမရှိတာလည်းဖြစ်နိုင်သည်။

Avi ဝင်လာသည်နှင့် ထိုအခန်းထဲရှိသူတွေအကုန်လုံး ရဲ့အာရုံက avi ဆီ စုဝေးပြီးရောက်ရှိလာကြသည်။avi အကုန်လုံးကို သာမန်ကာ လျှံကာ တစ်ချက်မျှ ဝေ့ကြည့်လိုက်ပြီးဟောခန်းအတွင်းသို့ ခြေလှမ်း စတင်လှမ်းလိုက်သည်။သူ့ရဲ့ဆရာတူအစ်ကိုနှင့်တကွ ကျန်သည့်ဟွမ်းရီဂိုဏ်းသားတွေပါ သူ့အနောက်မှ ထပ်ကြပ်မခွာလိုက်လာကြသည်။
သူ့ရဲ့ဆရာတူအစ်ကိုက ဟောခန်းအလယ်သို့ရောက်သည်နှင့် ရှေ့ဆက်သွားမည်လုပ်နေသော avi အား လက်ဖြင့်ဆွဲလျက် သူ့အနောက်သို့ ပို့စေသည်။
ပြီးနောက် avi အရှေ့တွင် ရပ်တည်ကာ ပေါ့ပေါ့တန်တန် ဟွားလျန်ဂိုဏ်းချုပ်လျန်ဖန်ရှင်း
နှင့် ဖူးလုဂိုဏ်းချုပ်လုကွမ်ကျုံးအား ဂါရဝပြုလိုက်သည်။

Resinner : Resystem ( Complete )Where stories live. Discover now