7:10

2.8K 487 6
                                    

" Cathy ,
အစီအစဥ်က အလုပ်ဖြစ်မယ်လို့ထင်လား "

" မဖြစ်လည်း ဖြစ်အောင်လုပ်ရမယ် Jack ၊ နင်သိလား Adam က ငါလုပ်နိုင်မယ်လို့ယုံကြည်ထားတယ် "

ယုံကြည်မူအပြည့်ရှိနေတဲ့ Cathy စကားက သူ့ရဲ့ ပျောက်ဆုံးနေတဲ့အရာတစ်ခုကို ပြန်ရှာတွေ့ဖို့လမ်းစပေးလိုက်သည့်အတိုင်းပင် ။ အချိန်အတော်ကြာထိ ပျောက်ဆုံးနေတဲ့အရာတစ်ခုကို သူပြန်လည်ရှာတွေ့သွားနိုင်ပြီဖြစ်သည်။ Adam ရဲ့အစီအစဥ်အရ ဆိုလျှင် အရင်ဆုံး willy ကို ဒီနေရာကိုမျှားခေါ်မည်။ willy ကိုယ်ထဲရှိ မကောင်းဆိုးဝါးကို နှင်ထုတ်မည့်အစီအစဥ်ဖြစ်သည်။

အချို့နေရာတွေက ဟာကွက်တော့ရှိပေမဲ့ အဲ့ဟာကွက်တွေကို ဖုံးနိုင်မည့်နည်းလမ်းတွေကိုAdam ရှာပေးထားသည်။ ပထမဆုံးအနေနဲ့ Cathy က စုန်းတစ်ယောက်ဆိုတဲ့စကားကြောင့်သူအံ့သြနေခဲ့ရသည်။ အခုတစ်ခါအနေနဲ့ ဆိုရင်တော့ Adam ရဲ့ ပြီးပြည့်စုံနေသည့်အစီအစဥ်ကြောင့်အံ့သြရသည်ဟုဆိုရမည်ဖြစ်သည်။ ပြီးတော့စုန်းတစ်ယောက်ဖြစ်သည့် Cathy တောင်နားမလည်နိုင်သော အစီအရင်တွေ စကားလုံးတွေကိုAdam က အခက်အခဲမရှိ သိနေသည်။Cathy ဆွဲခိုင်းသည့် အင်းကွက်သဏ္ဍာန်ပုံစံကို နှစ်ခါမကြည့်ရဘဲ ကြမ်းပေါ်မှာ ဆေးဘူးဖြင့်ဆွဲနေသည့် Adam ရဲ့ပုံစံက သူနဲ့အရမ်းကိုစိမ်းသက်နေသည်။

" jack ငါအိမ်ပြန်ပြီ "

ချက်ချင်းအိမ်ပြန်မည် ထဖြစ်သည့် Diana အသံကြောင့်Jack အသိပြန်ဝင်ကာ ထွက်သွားမည့် Diana ကိုလှမ်းတားလိုက်ရသည်။ သူ Adam အကြောင်းစဥ်းစားနေတာနှင့်ဘေးမှာ Diana ရှိနေသည့်အကြောင်းကိုပါ ခဏမေ့သွားသည်။

Willy ခန္တာကိုယ်ထဲက မကောင်းဆိုးဝါးကောင်ကိုနှင်ထုတ်ဖို့အတွက်အဲ့အချိန်ကရှိခဲ့သည့်လူလိုနေတာကြောင့် အကြောင်းအရင်းသေချာမသိသည့် Diana ကိုပါဒီကိုခေါ်ထားရခြင်းဖြစ်သည်။ Diana , spellအနည်းငယ်လောက်ရွတ်ဖတ်ပေးရုံနှင့်အဆင်ပြေပြီဖြစ်သည်။ ဒါပေမဲ့ Diana က အခုလိုအချိန်မှာ ပြန်မည်ဟုဆိုသဖြင့် စီစဥ်ထားသမျှအကုန်လွှဲကုန်လို့တော့မရ ပေ။

" Diana နင်ပြောတော့ငါတို့ကိုကူညီပေးမယ်ဆို မပြန်ပါနဲ့ ၊ ငါတို့ကိုအဆုံးထိကူညီပေးပါ "

Resinner : Resystem ( Complete )Where stories live. Discover now