အခန်း - ၁၁၁ (ဒူဝူ)

9.6K 1.9K 501
                                    

[နှစ်တိုင်း နှစ်တိုင်း ပိုးထည်စအနီတွေ ဝယ်ဝယ်နေရတာ သည်းမခံနိုင်တော့ဘူး]

သွမ့်နေ့က ထိုအဝတ်ထုပ်ကို ဖြည်ပြလိုက်တော့  ဖုန်းလေက အပေါ်ယံသာ လျှပ်ကြည့်လိုက်ပြီးနောက် သရော်ပြုံးပြုံးလိုက်သည်။

"ကြည့်ရတာ အသင်တို့နှစ်ယောက်က သိမ်းဆည်းထားတဲ့ အမှိုက်ဟောင်းလေးတွေကို လာရောင်းနေတဲ့ပုံပဲ။ ဒါဆိုရင်တော့ ကျွန်ုပ်ရဲ့ လျိုစန်းဓားပျံဂိုဏ်းဆီ လာနေစရာမလိုပါဘူး။ သူဖုန်းစားဂိုဏ်းတွေ သဘောကျလောက်မယ့် ပစ္စည်းမျိုးပဲဖြစ်နေပါတယ်"

"စောင့်ရှောက်သူက သေသေချာချာတောင်မကြည့်ရသေးဘဲနဲ့ ဒီပစ္စည်းက အမှိုက်သရိုက်ပါလို့ ဘယ်လိုလုပ်ပြီး သေချာတပ်အပ် ပြောနိုင်တာလဲ။ ပြောတော့ တာ့ချူက ယဥ်ကျေးပျူငှာမှုရှိလှတဲ့ နယ်မြေဒေသဆို၊ လက်စသတ်တော့ ဒီလိုပါလား"

"အမြန်သာ ပြန်သွားကြပါတော့"

သွမ့်ပိုင်ယွဲ့က မကျေမနပ်ပြောလာတော့ ဖုန်းလေက သူနှင့် အချေအတင် ဆက်မငြင်းချင်တော့သည့်နှယ် လက်ဟန်ဖြင့် နှင်ထုတ်လိုက်၏။

သွမ့်နေ့က ဘေးနားရှိ လက်ဖက်ရည်ကရားကို ယူလိုက်ကာ အဝတ်ထုပ်ပေါ် လောင်းချလိုက်သည်။

"တယ်!!!!! မိုက်ရိုင်းလှချည်လား!!!!! "

အနောက်တွင်ရပ်နေသောကိုယ်ရံတော်များက သွမ့်နေ့ ပြဿနာရှာနေသည်ဟု ထင်သွားကာ ချက်ချင်းအော်လာ၏။ ထို့ကြောင့် ဘေးနားတစ်ဝိုက်ရှိ ကုန်သည်များက သူတို့ဘက်သို့ အာရုံစူးစိုက်လာကြတော့သည်။

သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ကာ ဖုန်းလေဘက်သို့ ပြောလိုက်သည်။

"အခုရော စောင့်ရှောက်သူက ကျွန်တော်တို့နဲ့အရောင်းအဝယ်လုပ်ဖို့ စိတ်ကူးလိုက်ပြီလား"

ဖုန်းလေ မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး ထော့နဲ့ထော့နဲ့ဖြင့် အဝတ်ထုပ်အနားသို့ရွှေ့ကာ ကိုယ်ကိုကိုင်းပြီး ပိတ်စကို လက်ဖြင့် ကိုင်တွယ်ပွတ်သပ်ကြည့်လိုက်၏။ ထို့နောက်  ချက်ချင်းပင်အံ့ဩသွားသည်။ ထိုအဝတ်စက အင်မတန်မှ ချောမွတ်နေလွန်းလေရာ ပိုးထည်ချည်မျှင်ကို ထိတွေ့နေရသည်နှင့်မတူဘဲ ငါးအရေခွံကို ကိုင်နေရသည်နှင့် ပိုတူနေသောကြောင့်ဖြစ်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now