အခန်း - ၈၆ (တိမ်သလ္လာကန္တာတောင်ထွဋ္)

11.4K 2.2K 312
                                    

[ ထျဲန်းချန်ရှားကို အရင်သွားယူပြီးခါမှ ဆက်ပြောကြတာပေါ့ ]

"ဘယ်လိုလဲ"

နန်မော်ယဲ့၊ သွမ့်ယောင်နှင့် စစ်ကုန်းလွီ့တို့သုံးယောက်သားမှာ လှေငယ်လေးငှားကာ သူတို့နှစ်ယောက်နောက် အပြေးပဲ လိုက်သွားရမည်လား ၊ ရှင်းကျိုးကျွန်းသို့ စုံစမ်းထောက်လှမ်းရေးသာ သွားလိုက်ရမည်လားဟု ဝေခွဲမရဖြစ်နေစဥ် အရှင်မင်းမြတ်က ပြန်ကြွလာသည်။ တကယ်ပင် ထင်မှတ်မထားခဲ့။

နောင်တော်က အတော်စွမ်းသားဟ။

သွမ့်ယောင်ကတော့ ပီတိဖြာဝေနေပြီဖြစ်သည်။ သို့သော် ခပ်ကြာကြာ မပျော်လိုက်ရ။

"ကျင့်နျဲန်က ပင်လယ်ထဲ မတော်တဆကျသွားလို့ "

သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။

"ခုလောလောဆယ် ရေနွေးသွားယူပေးဦး၊ ပြီးတော့ အအေးမိပျောက်ဆေးရယ်၊ ဟင်းရည်ပူပူလေးပါ ယူလာပေးလှည့်။ လုပ်ရကိုင်ရ အဆင်မပြေရင် သူ့ကိုပြုစုပေးဖို့ အဒေါ်ကြီးတစ်ယောက်ယောက်လောက် သွားရှာချေ"

"ဟုတ်၊ ဟုတ်...."

သွမ့်ယောင်က သွမ့်ပိုင်ယွဲ့စကားအတိုင်း ဆောင်ရွက်ရန် အမြန်ပင်ထွက်သွားလေပြီ။ နန်မော်ယဲ့နှင့် စစ်ကုန်းလွီ့လည်း ကိုယ်စီကိုယ်င တာဝန်ခွဲဝေကာ ထွက်ခွာသွားသည်။ သက်တော်စောင့်များကလည်း ကျင့်နျဲန်အား ပွေ့ချီကာ အခန်းတစ်ခုထဲ သွားနားစေသည်။ သို့နှင့် အိမ်ခြံဝန်းထဲတွင် သွမ့်ပိုင်ယွဲ့နှင့် ချူယွမ်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။

"ဟိုဘက် လှည့်နေစမ်း !!!!! "

ချူယွမ် ရုတ်တရက်ကြီး ထပြောလာတော့ သွမ့်ပိုင်ယွဲ့ ခေတ္တမျှမှင်သက်သွားကာ -

"ဘာလို့တုန်း"

"အဲ့မျက်နှာဖုံးက အရမ်းရုပ်ဆိုးတယ်"

"..... "

ရုပ်ဆိုးတယ်တဲ့လား။

အခြားတစ်ဖက်သို့ကျောပေးသွားသော တစ်ဖက်လူကိုကြည့်ရင်း ချူယွမ်၏ ရင်ဘတ်အစုံမှာ နိမ့်ချည်မြင့်ချည် တုန်ယင်လာကာ လက်ဖြင့်ပင်အုပ်ပြီး ထိန်းချုပ်ထားရ၏။ ဘေးနားတွင်ရှိသော အဝတ်လျှော်သစ်သားပြားကြီးကို ကောက်ကိုင်လိုက်ကာ မှတ်လောက်သားလောက်အောင်  တဘုန်းဘုန်း ရိုက်ပစ်ချင်စိတ်များ တဖွားဖွားပေါ်လာသည်။ မှားမှားမှန်မှန် ဘာမှတွေးမနေချင်တော့ဘဲ ရိုက်ပစ်လိုက်ချင်၏။ ဝက်ခေါင်းကြီးလို မျက်နှာကြီးဖူးယောင်သွားသည့်အထိ ရိုက်ပစ်လိုက်ချင်၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now