အခန်း - ၁၁၅ (သိုင်းစွမ်းရည် ယှဥ္ပြိုင်ခြင်း)

10.2K 1.8K 304
                                    

[အရှင်မင်းမြတ်ကို အခုချက်ချင်းလွှတ်လိုက်စမ်း]

ဘေးအဆောင်ငယ်တွင် ​ြဖစ်သည်။ ရှစ်ဇီကုန်းကုန်းက ပြောလာ၏။

"အရှင်မင်းမြတ်၊ စားတော်ပွဲများကို လာရောက်ဆက်သခိုင်းရတော့မလားဘုရား"

"ခဏနေကျမှ လာပို့ခိုင်းလိုက်ပါ၊ ရှစ်ဇီ။ ပြီးတော့ အပူအောင်းတာသက်သာစေတဲ့ ဟင်းရည်ချိုချိုတစ်ပွဲ ချက်ပေးဖို့ စားဖိုဆောင်ကို ပြောလိုက်ဦး၊ ခဏနေမှ လာပို့လှည့်"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ရှစ်ဇီက အမိန့်တော်ကို နာခံယူလိုက်ပြီးနောက် ထွက်သွား၏။ ချူယွမ်ကတော့ နူးညံ့အိစက်သော ထိုင်ခုံထက် အနားယူလိုက်ကာ စာအုပ်တစ်အုပ်ပါ ဖတ်နေလိုက်သည်။ အပြင်ဘက်တွင် ဝေဟင်ပြာက တဖြည်းဖြည်းမှောင်ရိပ်သမ်းလာချေပြီ၊ လေပြည်ညှင်းများကလည်း တဖြူးဖြူးတိုက်ခတ်လို့။ သို့သော် သွမ့်ပိုင်ယွဲ့ကတော့ ပြန်ရောက်မလာသေး။

ရှောင်းရှောင်းအာကို စစ်ဆေးမေးမြန်းရုံပဲဟာ၊ ဘာကြောင့်များ ဒီလောက်ထိ ကြန့်ကြာနေသလဲဟု ချူယွမ် သံသယစဝင်လာ၏။ ထို့ကြောင့် ရှစ်ဇီကိုခေါ်ပြီး ဝတ်လဲတော်လဲလှယ်ပေးစေလိုက်ကာ အခြေအနေလာကြည့်ရန် အချုပ်ခန်းဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့လိုက်လေသည်။

*****

အချုပ်စောင့် ရဲမက်က ငိုက်မြည်းနေလျက်ရှိသည်၊ အရှင်မင်းမြတ်ကိုယ်တော်တိုင် ကြွရောက်လာမည်ဟု လုံးဝ ထင်မထား။ ထို့ကြောင့် အမြန်ဒူးထောက်ပြီး ဂါရဝပြုလိုက်သည်။ ချူယွမ်က အချုပ်တွင်းဘက်သို့ ကြည့်လိုက်ကာ မေးလာ၏။

"ရှီးနန်ဝမ်ရော?"

"အရှင်မင်းမြတ်ကို ဖြေကြားပါတယ်။ အခုထက်ထိ ထွက်မလာသေးဘဲ အထဲမှာသာရှိနေကြောင်းပါဘုရား"

ချူယွမ်က တံခါးဖွင့်ပြီး ဝင်လိုက်၏။ ဒုတိယလမ်းအကွေ့ထဲ ချိုးမဝင်ရခင်မှာတင် အော်ဟစ်လိုက်သောအသံတစ်သံ ကြားလိုက်ရသည်။

အချုပ်ထဲကလူတော့ သွေးများရွှဲနစ်နေပြီး စုတ်ပြတ်သတ်နေလောက်ပြီဟု တွေးမိလိုက်တော့ ချူယွမ်တစ်ယောက် ချက်ချင်းပင် ခေါင်းကိုက်လာ၏။ ထို့ကြောင့် ခြေလှမ်းများကို ပိုသွက်စေလိုက်ကာ ဘာများဖြစ်သွားသလဲဟု အမြန်ဝင်သွားကြည့်လိုက်သည် ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now