အခန်း - ၄၇ - အဆက်

10.9K 2.3K 348
                                    

မြောက်ဘက်ယာယီနန်းဆောင်၏ အိပ်ခန်းဆောင်သို့ ချူယွမ်ရောက်သွားတော့ နေ့လယ်စာစားရန် အချိန်ပင် ရောက်နေပြီဖြစ်သည်။ အခန်းတံခါးကို တွန်းဖွင့်ပြီး၀င်သွားတော့ မျှော်လင့်ထားသည့်အတိုင်းပင် သွမ့်ပိုင်ယွဲ့တစ်ယောက် ထိုင်စောင့်နေလျက်ရှိ၏။

ရှစ်ဇီလည်း အလိုက်သိစွာ နောက်ဆုတ်ထွက်ခွာပေးလိိုက်သည်။

"ဘာဖြစ်နေတာလဲ။မင်းပုံစံကြည့်ရတာ စိတ်ညစ်နေတဲ့ပုံကြီးနဲ့၊ မင်းကို ဘယ်သူက ရန်စလိုက်လို့လဲပြော..."

ချူယွမ်က ဂရုတစိုက်မေးလာသည်။

သွမ့်ပိုင်ယွဲ့က ဘာမှ ပြန်မဖြေဘဲ ထရပ်လိုက်ကာ ချူယွမ်အား ရင်ခွင်ထဲ ထည့်သွင်း ဖက်တွယ်ထားလိုက်သည်။

"ကိုယ် စိတ်ညစ်နေတာမဟုတ်ဘူး၊ စိုးရိမ်စရာလေး ရှိလို့ ။ ဒီအတိုင်းလေး ခဏနေပေး၊ မလှုပ်လိုက်နဲ့"

"ဟင်..."

ချူယွမ် ဘာမှ နားမလည်လိုက်ပေ။

"မလှုပ်နဲ့လို့....."

သွမ့်ပိုင်ယွဲ့က နောက်တစ်ကြိမ် သတိပေးလာ၏။ ထို့နောက် သူ့လက်များက ချူယွမ့်ဂုတ်သားမှသည် နောက်ကျောပြင်ထက်သို့ တဖြည်းဖြည်းချင်းစီ လျှောဆင်းသွား၏။

"မင်း....."

ချူယွမ်က ချက်ချင်း သွမ့်ပိုင်ယွဲ့ကို တွန်းထုတ်လိုက်ကာ မျက်စောင်းထိုးလာ၏။

နေ့ခင်းကြောင်တောင်ကြီးမှာ မင်း ဘာလုပ်ဖို့စဥ်းစားနေတာလဲဟမ်။

"ဖန်ရှင်း ဘာလို့ အရောင်လင်းမှန်း ကိုယ် သိလာခဲ့တယ်....ထင်တာပဲ"

"ဟင်....ဘယ်လို"

ချူယွမ် ခေတ္တမျှ မှင်သက်သွား၏။

သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်ကို လှမ်းယူပြီး ဆုပ်ကိုင်ထားလိုက်ကာ -

"မင်း နောက်ကျောကို တစ်ချက် စမ်းကြည့်ပါရစေ။ ဘာမှမကြောက်နဲ့ ၊ ဘာမှမဖြစ်ဘူး စိတ်ချ ။ ပြီးတာနဲ့ မင်းကို အကြောင်းစုံပြောပြမယ်၊ ရတယ်မလား"

ချူယွမ် - "......."

သွမ့်ပိုင်ယွဲ့က ချူယွမ်အား အသာလေးခေါ်ဆောင်လာကာ စားပွဲနား ထိုင်ခိုင်းလိုက်၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now