အခန်း - ၃၁ (လက်ရုံးရည်ယှဥ်ပြိုင်ပွဲ)

13.8K 2.5K 828
                                    

Unicode version :

[ ဒီထက်နည်းနည်းလေးရုပ်ဆိုးမှ တော်ကာကျမယ်]

သွားပါလို့မနှင်မှတော့ ဆက်နေပါဆိုတဲ့သဘောပေါ့။

သွမ့်ပိုင်ယွဲ့က ပီတိ​ေ၀ဖြာမှုများနှင့် ကျိတ်ပြုံးနေပြီးနောက် ချူယွမ်နောက်အမီ လိုက်သွား၏။

ရေပူစမ်းအဆောင်တော်မှာ အတော်ပင်ကျယ်၀န်းသည်။ ရှစ်ဇီမှ ကြိုတင်စီစဥ်ပေးထားသောကြောင့် အခြားကုန်းကုန်းများ၊ ရံရွှေတော်များက ရှောင်ဖယ်ထားကြရကာ မင်းနှစ်ပါးရောက်လာချိန်မှာတော့ လူသူကင်းရှင်းလျက်ရှိလေသည်။ ရေစက်ကျသံ တပေါက်ပေါက်ကိုပါ အတိုင်းသားကြားနေရ၏။ နွားနို့ပါထည့်ရောထားသော ရေပူစမ်းခပ်နွေးနွေးထဲမှ ရေခိုးရေငွေ့များ ရိုက်ခတ်ကာ မြူများအုံ့ဆိုင်းနေသဖွယ်ပင်။ထပ်ပြီး သေချာရှူရှိုက်ကြည့်လျှင် ဆေးနံ့သင်းသင်းပါ ပါ၀င်ရောစွက်နေကြောင်း သတိပြုမိပေမည်။

ရှစ်ဇီလည်း ရေချိုးသန့်စင်ရန် လိုအပ်သမျှ အသုံးအဆောင်ပစ္စည်းများကို နှစ်ယောက်စာ အမြန်ထုတ်ပေးထားသည်။ ချူယွမ်ကို ကြည့်လိုက်တော့လည်း မိမိအားဆက်နေစေလိုသည့် အရိပ်အကဲမျိုး မပြသဖြင့် ရှစ်ဇီလည်းအလိုက်သိစွာ ထွက်သွားကာ တံခါးကိုပင် သေချာစေ့ပေးခဲ့လေသည်။

သွမ့်ပိုင်ယွဲ့ကမူ ချူယွမ်ကို ငေးကြည့်နေမြဲ။

ချူယွမ်လည်း ကန့်လန့်ကာနောက်တွင် ရေချိုးရန် ၀တ်လဲတော် သွားလဲနေ၏။ ထို့နောက် ပြန်ထွက်လာပြီး ရေပူစမ်းကန်ငယ်ထဲ ၀င်သွားကာ ရေကန်ဘောင်အား စိတ်ချလက်ချ မှီလိုက်လေသည်။ အင်မတန်ပင် နေလို့ကောင်းသွားသည့်နှယ် သက်ပြင်းမောပင် ချလို့။

အတော်လေးကြာတော့မှ တစ်စုံတစ်ယောက်က မိမိဘေးနားရှိ ကန်ဘောင်၌လာထိုင်လိုက်ကာ မေးလာ၏။

"ကိုယ်ပါ အတူတူ ရေလိုက်စိမ်မယ်နော်"

သွမ့်ပိုင်ယွဲ့က တိုးညှင်းစွာ မေးလာ၏။

သွမ့်ပိုင်ယွဲ့လည်း သူ့ကိုယ်သူ သည်းခံနိုင်စွမ်းသိပ်မများမှန်း ကောင်းကောင်းကြီးသိပြီးဖြစ်သည်။ သူတစ်ပါးထင်မြင်ယူဆချက်များကိုလည်း သူ နားထောင်ခဲ၏။ သို့သော် တစ်ဦးတည်းသော ထိုလူသားလေးကိုတော့ အတင်းအကျပ် သိမ်းပိုက်အနိုင်ယူဖို့မဆိုထားနှင့်၊ ထိုသူ့မျက်နှာ ညှိုးနွမ်းကာ စိတ်ထိခိုက်ဆင်းရဲသွားစေမည်ဆိုလျှင်ပင် သူ လုံး၀ မလုပ်ရက်တော့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Onde histórias criam vida. Descubra agora