အခန်း - ၃၆ (ချောင်ယာ၏ ၀ိညာဥ်ချုပ်သံစဥ်)

12.7K 2.6K 303
                                    

[ အသိတစ်ယောက်နှင့် တွေ့ဆုံခြင်း ]

Unicode version:

နန်းတော်ထဲတွင်လည်း ချူယွမ်ခမျာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည်။စိတ်အစဥ်မှာလည်း စိုးရိမ်သောကများဖြင့်လောင်မြိုက်နေပေ၏။

"အရှင်မင်းမြတ် သိပ်ပြီးစိုးရိမ်သောက မဖြစ်ပါလေနဲ့ဘုရား၊ ခဏကြာရင် ရှီးနန်၀မ် ပြန်ရောက်လာမှာပါ"

ထို့နောက် ချူယွမ်က ရွှေနဂါးပလ္လင်ထက် ပြန်ထိုင်ချလိုက်သည်။ မျက်နှာတော်ထက်တွင် စိုးရိမ်ပူပန်နေဆဲဖြစ်သော အရိပ်အသက်များ ဖုံးလွှမ်းထားဆဲပင်။

စောနက ပုရောဟိတ်အမတ်ကြီး ထောင်လျဲန်တာရောက်လာကာ ဆိုက်ဖန်းအန်းတစ်ယောက် တည်းခိုဆောင်မှ ခုန်ချပြီး ထွက်ပြေးသွားကြောင်း၊ နောက်မှလိုက်သွားသူရှိကြောင်း လျှောက်တင်လာပြီးဖြစ်သည်။ ထိုသူ မည်သူဖြစ်မှန်း မေးစရာမလိုဘဲနှင့် ချူယွမ် သိနှင့်ပြီးသားဖြစ်သည်။

ရှစ်ဇီက ချူယွမ်အတွက် ဆေးဖက်၀င် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလာ၏။ သို့သော် ချူယွမ်က အမိန့်ထုတ်လာသည်။

"ချိန့်လျဲ့ကို အခေါ်လွှတ်လိုက်၊ ကိုယ်တော်နဲ့အတူ မြို့တော်အပြင်ဘက်ကို အခုချက်ချင်းလိုက်ခဲ့ကြ"

"ဟာ?"

ရှစ်ဇီ အင်မတန်ပင် ထိတ်လန့်သွား၏။

"မြို့တော်အပြင်ဘက် ဘာသွားလုပ်မှာတုန်း"

သွမ့်ပိုင်ယွဲ့က တံခါးဖွင့်ပြီး ၀င်ရောက်လာရင်း မေးလာခြင်းဖြစ်၏။

ထိုသူ ဘေးမသီရန်မခ ပြန်လာသည်ကိုတွေ့ရတော့မှ ချူယွမ်ခမျာ စိတ်နှင့်ကိုယ်နှင့်ပြန်ကပ်နိုင်တော့သည်။

ရှစ်ဇီလည်း ဘုရားတနေရကာ ထို့နောက်မှာတော့ မင်းနှစ်ပါးလုံးကို ဂါရ၀ပြုပြီးနောက် အခန်းထဲမှ ထွက်လာခဲ့လေသည်။

"ဒီမတိုင်ခင်က ဒီကိစ္စ၀င်မရှုပ်တော့ဘူးလို့ မင်း ကတိပေးထားတယ်လေ၊ ဘာလို့ မြို့ပြင်ထိ လိုက်သွားတာတုန်း"

ချူယွမ် ချက်ချင်းမေးလာ၏။

"ဆရာရဲ့အမိန့်ဆိုတော့ သွေဖီရခက်တယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now