အခန်း - ၆၂ (ကွမ်းဟိုင်မြို့)

10.1K 2K 82
                                    

[မြို့လယ်ခေါင်က ဖြူလွှလွှအရိပ်]

တော်၀င်စာကြည့်ဆောင်အပြင်ဘက်တွင် မှုးမတ်အရာရှိများ တန်းစီစောင့်ဆိုင်းနေကြသည်။ချူယွမ် ကိုယ်လက်သန့်စင်၍အပြီး ၀တ်ရုံတော်လဲလှယ်၀တ်ဆင်ရာတွင် ရှစ်ဇီကူညီပေးရင်း ချင့်ချင့်ချိန်ချိန်မေးလာ၏။

" မှူးမတ်ကြီးတို့တတွေကို ဒီနေ့ထွက်မတွေ့တော့ရင် ပိုမကောင်းဘူးလားဘုရား။ အရှင်မင်းမြတ် အနားယူတော်မူလို့ရအောင်ပါ"

"မလိုဘူး၊ အိပ်လိုက်ရင်လည်း အိပ်ပျော်မှာမှမဟုတ်ဘဲ။ သွားကြစို့....."

"မှန်ပါ့"

ရှစ်ဇီလည်း ဘာမှဆက်မပြောဖြစ်ဘဲ ချူယွမ်အတွက် တံခါးဖွင့်ပေးလိုက်ကာ တော်၀င်စာကြည့်ဆောင်ဘက်သို့ လိုက်သွားလိုက်၏။ မှူးမတ်များအနက် ရှေ့ဆုံးမှ စောင့်ဆိုင်းနေသူကတော့​ မြေကြီးလက်ခတ်မလွဲ၊ အမတ်မင်းထောင်လျဲန်တာပင်ဖြစ်နေချေသည်။ ရက်ပေါင်းများစွာ အရှင်မင်းမြတ်အား စိုးရိမ်ပူပန်ခဲ့ရပြီးနောက် ယနေ့ကျမှ အရှင့်မျက်နှာတော်ကို သူဖူးတွေ့ခွင့်ရလေပြီ။ ယခုလို ဘေးမသီရန်မခပြန်လာသည်ကို တပ်အပ်မြင်ရတော့မှ သူ စိတ်အေးနိုင်တော့သည်။

"ကိုယ်တော်မြတ် ဆူးဟွိုင်တောင်နန်းမှာ သုံးလေးရက်ပဲ စံမြန်းခဲ့တာကို ဒီကြားရက်ထဲ တင်လျှောက်စရာအမှုကိစ္စတွေ ဒီလောက်ထိများလာတယ်လား"

ချူယွမ်က ရွှေနဂါးပလ္လင်ထက် ထိုင်လိုက်ကာ ရှုံ့မဲ့ပြီးဆိုလာ၏။

"မဟုတ်ရကြောင်းပါဘုရား ၊ မှူးမတ်အရာရှိတွေက အရှင့်အတွက် စိုးရိမ်နေကြတာမို့ တောင်နန်းဆီက အရှင်မင်းမြတ်ပြန်ကြွလာတော်မူတယ်လို့ ကြားကြားချင်း ကျွန်တော်မျိုးတို့လည်း လာရောက်ဂါရဝပြုရုံတင်ပါ"

"ဂါရ၀လာပြုရုံပဲ တခြားပြောစရာကိစ္စမရှိဘူးဆိုတဲ့လူတွေ အကုန်ထွက်သွားကြ !!!!! "

ချူယွမ် လက်ဝှေ့ယမ်းပြပြီးဆိုလိုက်လေရာ အားလုံးက ဧကရာဇ်အမိန့်တော်အတိုင်းလိုက်နာလိုက်ရပေသည်။ သို့နှင့် တစ်ခဏအတွင်း နန်းဆောင်ထဲတွင် လူတစ်၀က်မျှသာ ကျန်တော့သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now