အခန်း - ၃၈ (ဆန်းနန်ကျိုး)

12.4K 2.3K 439
                                    

[ဖေးလွမ်မြိုင်နန်းသခင်]

ဖန်ရှင်းပုလဲမှာ ထူပူကျဲ့၏ ​ေ၀းရာသို့ရောက်သည်နှင့် အရောင်တဖြည်းဖြည်း မှေးမှိန်သွားကာ နောက်ဆုံးတော့ မူလပကတိ မှိန်ဖျော့ဖျော့အရောင်သာ ကျန်နေတော့လေသည်။

သွမ့်ပိုင်ယွဲ့က ထိုပုလဲကို လက်ထဲဆုပ်ကိုင်ထားပြီး အိပ်ယာထက်လဲလျောင်းရင်း အတွေးများ ရှုပ်ထွေးနေ၏။ ငိုက်မြည်းခြင်းအလျဥ်းပင်မရှိဘဲ အပေါ်မျက်နှာကျက်သို့သော ငေးကြေည့်နေသည်။သန်းခေါင်ကျော်သွားသည်တောင် အိပ်မပျော်သေးသဖြင့် တည်းခိုဆောင်အပြင်ဘက်ထွက်လာပြီး စိတ်ပြေလက်ပျောက် လမ်းလျှောက်ရန် ထွက်ခဲ့သော်လည်း သူမသိလိုက်ခင်မှာပင် နန်းတော်အ၀င်၀သို့ ရောက်လာခဲ့ပြီဖြစ်သည်။

ရင်းနှီးကျွမ်း၀င်လှသော အ၀င်လမ်း။

ခါတိုင်းလိုပင် အစောင့်တပ်သားလည်း သိပ်မများပေ။

ခြေသံကြားတော့ ချူယွမ် မျက်လုံးများ ပွင့်ဟလာသည်၊ သို့သော် ဘာဆိုဘာမှ မပြော။

သွမ့်ပိုင်ယွဲ့က သလွန်တော်ထက် တစောင်းထိုင်လိုက်ကာ -

"ကိုယ်မှန်း သိနေတယ်လား"

ချူယွမ် သူ့အားမော့ကြည့်လာ၏။

"ဘာဖြစ်ထားတာလဲ"

"ဘာမှမဟုတ်ဘူး။အိပ်လို့မပျော်ရုံတင်"

ချူယွမ်က ပြုံးလိုက်ကာ -

"အိပ်မပျော်တာနဲ့ပဲ သူများအိပ်ချိန်ကို လာနှောင့်ယှက်တယ်ပေါ့"

"ကိုယ် အရက်ပါယူလာတယ်"

ချူယွမ်က ထထိုင်လိုက်သည်။

"ဘာအရက်လဲ"

"ယွင်ကွမ်းအရက်၊ အတော်လေးတော့ ပြင်းတယ်"

"မငိးကိုယ်တိုင် ချက်ထားတာလား"

ချူယွမ်က သူ့ဆီ လက်လှမ်းလာတော့ သွမ့်ပိုင်ယွဲ့ကလည်း အရက်ထည့်ထားသော သားရေအိတ်၏ အဖုံးကို ဖွင့်ပေးလိုက်သည်။

ချူယွမ်က တစ်ကျိုက်မျှ မြည်းကြည့်လိုက်ပြီးနောက် မျက်နှာမဲ့သွားကာ -

"ဒီလိုအရက်မျိုးက များများမသောက်ကောင်းဘူး၊ ကျန်းမာရေးထိခိုက်လိမ့်မယ်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now