အခန်း - ၁၀၇ (ပိုင်ရှန့်ပြည်မှ ဧည့်သည် )

11.1K 2K 388
                                    

[ တောင်ကြားလမ်းပေါ်မှ ရွှေဆံထိုး ]

မိုးကောင်းကင်ထက် တဖြည်းဖြည်းမှောင်ရိပ်သမ်းလာတော့ လမ်းဘေးစျေးဆိုင်များလည်း ပိတ်သိမ်းကြကာ ပွဲစျေးအလည်လာသောသူများလည်း ကိုယ်စီကိုယ်ငှ အိမ်ပြန်ကြကုန်၏။ ဖက်ထုပ်ဆိုင်က အဘိုးအဘွားစုံတွဲလည်း ပစ္စည်းများကို လှည်းပေါ် ပြန်သိမ်းပြီးဖြစ်ရာ တစ်ယောက်က လှည်းကိုတွန်းပြီး တစ်ယောက်ကရှေ့ကဆွဲရင်း တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်ကာ ပြန်သွားကြ၏။ လှည်းတွင်လည်း ခြူလုံးလေးတစ်လုံး ချိတ်ဆွဲထားရာ ၎င်း၏အသံက ကြည့်လင်စွာထွက်လာပြီး လမ်းတစ်လျှောက်လုံး ချလွင်ချလွင်အသံလေးဖြင့် သာယာဆွတ်ပျံ့စေ၏။

ကျင့်ယန်လမ်းမကလည်း ငြိမ်သက်တိတ်ဆိတ်သွားသည်။ သွမ့်ပိုင်ယွဲ့နှင့်ချူယွမ်တို့လည်း လက်ဆယ်ဖြာအားယှက်နွယ်ရစ်ပတ်ထားလျက်။ ဆည်းဆာနေခြည်ကလည်း သူတို့အပေါ် လွှမ်းခြုံကျရောက်နေလို့။

နန်းတော်သို့ အရင်ပြန်နှင့်ရန်ဟူသော အမိန့်ကို နာခံလိုက်ရသော ရှစ်ဇီခမျာ ဧကရာဇ်အရှင်များ တစ်ခုခုများဖြစ်သွားလေမလားဟု အတော်ပင်ပူဆွေးသောကရောက်နေ၏။ အရာရှိချိန့်ကိုပဲ အပြေးသွားပြီး အကြောင်းကြားရမည်လားတွေးနေခိုက် ရှီးနန်ဝမ်နှင့် အရှင်မင်းမြတ်တို့ အတူတူ နန်းတွင်းတံခါးဝကိုဖြတ်ပြီးဝင်လာသည်ကို မြင်လိုက်ရမှ  သူ့ခမျာ စိတ်အေးနိုင်တော့သည်။ တစ်လက်စတည်းပင်  စိတ်ထဲမှသည် ကိုယ့်နဖူးကို ကိုယ် ခပ်ပြင်းပြင်းသာရိုက်ချပစ်လိုက်ချင်၏။

ဘာလို့ ကြိုမပြောတာတုန်းလို့။

*****

အိပ်ခန်းဆောင်ထဲဝယ် သင်းပျံ့သောဆေးနံ့တစ်မျိုး ရနေ၏။ သွမ့်ပိုင်ယွဲ့က အခန်းထဲဝင်အလာ၊ ထိုဆေးနံ့ကိုရတော့ ဘဝင်မကျသည့်နှယ် မျက်နှာမဲ့သွားသည်။

"နေမကောင်းဖြစ်ပြန်ပြီလားဟမ်"

ချူယွမ်က ထိုင်ခုံပေါ်ထိုင်လိုက်ရင်းဖြေ၏။

"စိတ်ငြိမ်ဆေးပါ။ ဒီမတိုင်ခင် ရှောင်ကျင်လည်း စိတ်ငြိမ်ဆေးအမျိုးမျိုး လာလာပေးတယ်၊ ဒီဆေးကကျ မွှေးလို့ဆိုပြီး ဒီတိုင်းထားထားတာ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now