အခန်း - ၄၃ - အဆက်-

12K 2.5K 270
                                    

အချိန်အားဖြင့် ညဥ့်သန်းခေါင်ပင် ရောက်တော့မည်ဖြစ်သည်။

ချူယွမ်လည်း လက်ဖက်ရည်သောက်ရင်း ဧည့်ခန်းဆောင်၌ စောင့်နေ၏။ ထိုစဥ် ရှစ်ဇီကနေ ရှီးနန်၀မ် လူခေါ်လာပြီဖြစ်ကြောင်း သံတော်ဦးတင်လာတော့ ချူယွမ်လည်း လက်ဖက်ရည်ခွက်ကို ချလိုက်ကာ - "၀င်လာစေ"ဟု ခွင့်ပြုလိုက်လေသည်။

"၀င်သွားတော့။ သိသမျှ ဖြေလိုက်ရုံပဲ။ ဦးနှောက်ကိုလည်း နည်းနည်းပါးပါး သုံးဦး၊ အရမ်းတွေ တော်ကြောင်းတတ်ကြောင်း ပြချင်ဇောနဲ့ ကိုယ် ဘယ်လောက် တုံးအနုံချာနေမှန်း သိသာသွားလိမ့်မယ်"

သွမ့်ပိုင်ယွဲ့ စကားကိုကြားတော့ ထိုအမျိုးသမီးက သူ့အား မျက်စောင်းထိုးလာ၏။ သို့သော် ဘာမှတော့ ပြန်မပြော။ ထို့နောက် တံခါးကိုဖွင့်ကာ သူ့ဘာသာသူ အထဲ၀င်သွားလေသည်။

သွမ့်ပိုင်ယွဲ့ကလည်း အဆောင်တော်အနောက်ဘက်သို့ သွားလိုက်ပြီး ခေါင်မိုးပေါ်ထက် တက်ကာ နားစွင့်နေလိုက်သည်။

"ဧကရာဇ်အရှင်ကို ကျွန်တော်မျိုးမ ဂါရ၀ပြုပါတယ်..."

ထိုအမျိုးသမီးက ချူယွမ်အား နှုတ်ဆက်ဂါရ၀ပြုလာ၏။ ချူယွမ်က ခေါင်းညိတ်လိုက်ကာ -

"ဟုတ်ပါပြီ၊ ထလိုက်ပါလေ ။ အသင်က ချောင်ယာလူမျိုးဆိုတာ မှန်ပါသလား"

"ဟုတ်မှန်ကြောင်းပါဘုရား"

" ယွီရှူးက သိုင်းသမားတွေကိုစုပြီး ချောင်ယာလူမျိုးတွေကို နေရာအနှံ့ ဖြန့်ကျက်ပြီး လိုက်လံသတ်ဖြတ်စေတဲ့အကြောင်း ကိုယ်တော်လည်း သတင်းကြားထားတယ်။ အဲ့သတင်းကြားတော့ ကိုယ်တော်လည်းသံသယစိတ်ဖြစ်မိလေရဲ့။ဒါကြောင့်မို့ ဘာအကြောင်းရင်းရှိမှန်း သေချာစုံစမ်းဖို့ လူလွှတ်လိုက်တာ ၊ မင်းတို့အားလုံးကို ဘေးမသီရန်မခ ခေါ်လာနိုင်မယ်လို့တောင် ထင်မထားမိပေဘူး။ တကယ်တမ်းပြောရရင် ကိုယ်တော် တင်မြှောက်ထားတဲ့ ဒေသန္တရအာဏာပိုင်နဲ့ ချောင်ယာလူမျိုးက တွင်းရေက မြစ်ရေကို သွားမနောက်ကောင်းသလို ကင်းကင်းရှင်းရှင်း နေနေကြရမှာ၊ ဘာလို့များ ဒီကိစ္စမျိုး ဖြစ်လာရသလဲဆိုတာ မင်းသိသလောက် ပြောပြပါဦး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now