အခန်း - ၄၃ (ဆွေးနွေးခြင်း)

11.8K 2.2K 400
                                    

[ဘာလို့ နန်းတော်ထဲ ဆက်နေနေရမှာလဲ]

ထမင်းစား စားပွဲပေါ်တွင် အသံများတိတ်ဆိတ်ငြိမ်သက်လို့နေသည်။ တိတ်ဆိတ်လွန်းနေသဖြင့် ထမင်းစားနေသံ၊ ဟင်းရည်သောက်သံများကအစ ကျယ်လောင်နေသယောင်ဖြစ်နေ၏။

ချူယွမ်က တစ်ခုခုပြောရန် နှုတ်ဟမည်ပြုလိုက်သော်လည်း သွမ့်ယောင်ကို ပို၍ ထိတ်လန့်အောင်လုပ်မိမည်ကို စိုးရိမ်ရပြန်သဖြင့် သွမ့်ပိုင်ယွဲ့ဆီ ကြည့်လိုက်လေ၏။

ဒီကိုမလာခင် မင်း ဘာတွေပြောထားလို့လဲ။ ဘာလို့ ကလေးက အရမ်းတွေလန့်နေတာလဲ။

ရှီးနန်၀မ်ခမျာ အကြိမ်ကြိမ် အခါခါ သက်ပြင်းချနေလေသည်။သူလည်း ဘာမှ မလုပ်ထားပါဘဲနှင့်။ ဘာတွေဖြစ်ပျက်ခဲ့မှန်း သူ တကယ်ပင် မသိချေ။ သို့သော် တပည့်များကို လိမ်လည်နောက်ပြောင်တတ်သော ဆရာဖြစ်သူ၏ စနက်ကြောင့်ဟု အလိုလို မှန်းဆသိမြင်ထားပေသည်။

"ယောင်အာ...ဒါလေး များများထည့်စား"

သွမ့်ယောင်တစ်ယောက် ဟင်းခွက်ရှိရာသို့ တူတစ်ချက်မှပင် မလှုပ်ရှားရဲသည်ကို ချူယွမ်မြင်တော့ ငါးဟင်းစွပ်ပြုတ်ကို ပန်းကန်လုံးထဲ ထည့်လာပေးကာ နူးညံ့ချိုသာစွာ ဆိုလာ၏။

"ဟင်းခတ်အမွှေးအကြိုင်တွေကလည်း အရင်ရက်တွေတုန်းက ရှီးနန်ကနေ ပို့လာပေးတဲ့ဟာတွေနဲ့ပဲ ထည့်ချက်ထားတာ၊ ရှီးနန်အကြိုက် ပူပူစပ်စပ်အရသာလေးနဲ့ စားလို့ကောင်းတယ်။ ရွှေမြို့တော်မှာ ရှီးနန်အရသာစားစရာ ဆိုင်မရှိဘူး။ ကိုယ့်ဒေသက ဟင်းပွဲတွေစားရတာ ရှားလိမ့်မယ်"

"ကျေး ...ကျေး...ကျေးဇူးကြီးမြတ်လှပါပေတယ်... အရှင်မင်းမြတ်"

သွမ့်ယောင်မှာ အရမ်းပျာယာခတ်နေကာ တူကိုချ၍ ချက်ချင်း ထရပ်မိသွားသည်။

သွမ့်ပိုင်ယွဲ့ - "....."

ချူယွမ်က ပြုံးလိုက်ကာ -

"တစ်ခါလောက် ထမင်းလက်ဆုံစားဖို့ ခေါ်ထားရုံပဲလေ၊ ဘာကြောက်စရာရှိလို့လဲ။ မြန်မြန်ပြန်ထိုင်...လာ။ ခံတွင်းမတွေ့ဘူးဆိုရင်လည်း စားဖိုမှူးတွေကို ဟင်းအသစ်တွေ ပြန်ချက်ခိုင်းကြတာပေါ့"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now