အခန်း - ၉၁ (ရှီးနန်ဝမ်ကြီး ထပ်ပြီးပုန်ကန်တော့မယ်တဲ့)

14.5K 2.2K 750
                                    

[​​ေဩာ်၊ ဟုတ်လား]

လွန်ခဲ့သော တစ်လလုံးလုံး ရွှေနန်းတော်ရှိ အထောက်တော်များမှ ပေးပို့လာသမျှ စာများတွင် ဤအမတ်မင်းဝမ်းအကြောင်းကိုသာ လက်ဖျားကမချစတမ်း ​အစီရင်ခံလာခဲ့သည်။

အရှင်မင်းမြတ်က အမတ်မင်းဝမ်းနဲ့ သုံးရက်ဆက်တိုက်တောင် အသားကင် သုံးဆောင်နေသတဲ့။ အမတ်မင်းဝမ်းက အစပ်ကြိုက်တော့ အရှင့်ခမျာ အပူကန်ပါလေရော။

အရှင်မင်းမြတ်က အမတ်မင်းဝမ်းနဲ့ ညလုံးပေါက် စကားပြောနေလိုက်တာ နှစ်ရက်လောက်နေမှ လူကို ပြန်လွှတ်ပေးခဲ့သတဲ့။

အမတ်မင်းဝမ်းက ဆည်မြောင်းရေးရာကဏ္ဍရဲ့ စီမံခန့်ခွဲရေးအစီအစဥ်သစ်ကို တင်ပြလာတော့ အရှင်မင်းမြတ်က အရမ်းကိုမှ နှစ်ထောင်းအားရဖြစ်တော်မူပြီး ပိုးဖဲကတ္တီပါနဲ့ ရွှေငွေရတနာတွေ ချီးမြှင့်ပေးသနားလိုက်ပါသတဲ့။ ဝက်ခြေထောက်ကအစ ပါပါသေးတယ်။

အမတ်မင်းဝမ်းက နန်းတော်ဝင်းရဲ့အနောက်ဘက် ကပ်လျက်မှာ အိမ်တစ်လုံးဝယ်လိုက်ပါတယ် ။ ခဏလေး လမ်းလျှောက်လာလိုက်ရုံနဲ့ နန်းတော်တံခါးဝဆီ ရောက်ပြီ။

အရှင်မင်းမြတ်က အမတ်မင်းဝမ်းကို " ရှောင်လျိုကျီ" လို့တောင် ခေါ်သတဲ့၊ အရမ်းကို ခင်မင်ရင်းနှီးနေကြတာ။

အရှင်မင်းမြတ်က တော်ဝင်စားဖိုဆောင်က စားဖိုမှုးကိုတောင် ငါးကင်ဆိုင်က ဦးလေးကြီးဆီ ဟင်းချက်နည်းသွားသင်ခိုင်းလိုက်သေးတယ်၊ အမတ်မင်းက အဲ့ငါးကင်ကို အရမ်းကြိုက်လို့ပါတဲ့။
.
.
.

သွမ့်ပိုင်ယွဲ့မှာ မိမိတစ်ကိုယ်လုံး အေးစက်ကိုက်ခဲသွားသည်ဟု ခံစားလိုက်ရသည်။

အရမ်း အရမ်းကို အေးစက်နေသည်။

"အဲ့အမတ်မင်းက လက်ထပ်ပြီးသား"

သွမ့်ယောင်က အချိန်မီ လှမ်းပြောလိုက်ရသည်။

"ဟင်...."

"တကယ်ပြောနေတာ။ ရော့ ၊ ဖတ်ကြည့်"

သွမ့်ယောင်က ပူပူနွေးနွေး ရလာသော နောက်ဆုံးစာလွှာကို သွမ့်ပိုင်ယွဲ့ထံ လှမ်းပေးလိုက်သည်။ ထိုအခါကျမှ သွမ့်ပိုင်ယွဲ့မျက်နှာပြင်ထက်က တင်းမာနေသော အကြောအချဥ်များ လျော့ပါးသွား၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now