အခန်း- ၇ (ရန်ယွဲ့ ဆောင်)

18.4K 3.2K 488
                                    

[ သတင်းထူးတစ်ခုခု ရလာခဲ့သေးလား]

ကျန်းနန်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေတတ်သော်လည်း ယနေ့တွင်မူ ရှားရှားပါးပါး တိမ်ကင်းစင်နေကာ သာယာနွေးထွေးနေ၏။

ယဲ့ကျင့်မှာ ဆေးပင်များကို ထုတ်လှန်းပြီးနောက် အေးဆေးမနားရသေးခင် လူအိုဆောင်မှ တာ၀န်ရှိသူတစ်ဦးက သူ့ထံသို့ ခပ်သော့သော့ အပြေးရောက်လာ၏။ အရေးပေါ်ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့သည့်ဟန်။

"ဘာကိစ္စဖြစ်လို့တုန်း"

ယဲ့ကျင့်က မတ်တတ်ရပ်ကာမေးလိုက်သည်။

"နတ်ဆေးဆရာယဲ့ ကိုယ်တိုင်သာ လာကြည့်လှည့်ပါတော့ဗျာ ။ လူအိုဆောင်မှာ မပြီးနိုင်မစီးနိုင် ရန်သတ်နေကြတာ ၊ ဘယ်သူမှ ၀င်တားလို့လည်းမရဘူး"

အိုကြီးအိုမတွေ ရန်သတ်နေကြတာတဲ့လား။

ယဲ့ကျင့် ထိုအကြောင်းကိုကြားရသော် အနည်းငယ်အံ့အားသင့်မိသည်။ အကြောင်းစုံမေးမြန်းကြည့်တော့မှ မိမိသွားရောက်အပ်နှံထားခဲ့သော ပိုင်လိုင်ချိုင်အမည်ရှိ ထိုအဘိုးအိုက အခုရက်ပိုင်းတွင်း ဘာကို
မကျေမနပ်ဖြစ်နေမှန်းမသိ ၊ တွေ့ရာလူကို ပြဿနာရှာသည့်အပြင် ယခု လူအိုဆောင်အလယ်မှာပင် ကျင်ငယ်ပေါက်ချလိုက်သဖြင့် ကျန်သူများက တစ်ပွဲတစ်လမ်းမျှ ၀င်ဆော်လိုက်ခြင်းဖြစ်သည်ဟုဆို၏။

ယဲ့ကျင့် ခေါင်းတစ်ခုလုံး ကိုက်ခဲသွားရလေသည်။

အမွှေးတိုင်တစ်တိုင်စာ အချိန်လွန်မြောက်သွားသော် ပိုင်လိုင်ချိုင်မှာ ထိုင်ခုံပေါ်ထိုင်ရင်း တအီအီ ငိုကြွေးနေ၏။ ၎င်း၏ ခေါင်းထက်တွင် ပတ်တီးဖြူအထပ်ထပ်နှင့်။ ယဲ့ကျင့်လည်း သူ့အား အနာဆေးထည့်ပေးပြီးနောက် လူအိုဆောင်အစောင့်၏ စိတ်ဆင်းရဲနေသော မျက်နှာကိုတွေ့လိုက်သဖြင့် သက်ပြင်းမောတစ်ချက် ချလိုက်ကာ -

"ကျွန်တော့်အိမ်ပဲ လာနေလှည့်တော့၊ ဟုတ်ပြီလား  "

ပိုင်လိုင်ချိုင်မျက်နှာမှာ လုံး၀၀င်းပရွှင်လန်းသွားလေသည်။ လူအိုဆောင်အစောင့်အတွက်လည်း ရင်ထဲမှ အပူများ ချက်ချင်းငြိမ်းသွားရှာလေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now