အခန်း - ၆၀ (သရုပ်ဆောင်ခြင်း)

10.4K 2K 133
                                    

[ရုန်းထွက်၍ မလွတ်​နိုင်သော ကံကြမ္မာ]

"ရှီးနန်စံအိမ်တော်သားတွေက အလောင်းကောင်အဆိပ်မိတယ်ဆိုတာ ဖြစ်နိုင်လို့လားဗျ"

"ဖြစ်နိုင်တာပေါ့။ မင်းဟာက သာမန်အလောင်းကောင်အဆိပ်ဟုတ်လို့လား။ လန်ဂျီးဆီကအဆိပ်ကွ"

"သြော်၊ လက်စသတ်တော့......."

သွမ့်ပိုင်ယွဲ့က မိမိနှုတ်ခမ်းထောင့်မှ သွေးစက်များကို သုတ်လိုက်ရင်း ခါးသီးစွာ ပြုံးလိုက်သည်။

"သူ့အသက်ကို ကျွန်တော့်လက်ထဲ ဘာလို့များ လွယ်လွယ်ကူကူ အသေခံသွားသလဲလို့ တွေးတော့တွေးမိပါသေးတယ်"

"ထျဲန်းချာ့ဂိုဏ်းလည်း ဖျက်ဆီးခံရတယ်၊ သူ့ရုပ်သွင်ကလည်း ပျက်စီးသွားတယ်၊ အငြိုးအာဃာတတော့ ထားမှာပဲ။ တစ်ယောက်ချင်း မင်းနဲ့ပြိုင်ရင်လည်း ပြိုင်မှမပြိုင်နိုင်ဘဲ။ အဲ့လိုနဲ့ပဲ နှစ်ယောက်စလုံး သေသွားမယ့်နည်းမျိုး သုံးပစ်လိုက်တာထင်ပါရဲ့။ မင်းကိုဆို သူ့လက်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ သတ်ရမှ ကျေနပ်မှာပေါ့လေ"

"ဒီအဆိပ်ကို ဘယ်လိုဖြေကြမလဲ"

"သူ ဘယ်လိုနည်းသုံးပြီး မင်းကိုအဆိပ်ခတ်ခဲ့မှန်းတောင် မသိရတာကို။ အခုချက်ချင်း ရှီးနန်ပြန်ပြီး ဆေးပြန်ကုရမယ်၊ ဒီထက်ပိုပြီး လုံး၀ လုံး၀ .....ခဏလေးတောင်မှ နောက်ကျလို့မရတော့ဘူး"

"ယွင်တာမြို့က ရှီးနန်နဲ့အရမ်းဝေးတယ်။ ကျွန်တော့်လက်ရှိအခြေအနေနဲ့ဆို လမ်းမှာ လချီပြီးကြာနေတာနဲ့တင် ရှီးနန်ရောက်တဲ့အထိ ကျွန်တော် တောင့်ခံထားနိုင်မယ်လို့ ရှစ်ဖူးထင်လား"

"အေး၊ မသေချာဘူး"

"......"

"ဒါကြောင့်မို့ မင်းကို ချိတ်ပိတ်ပြီး ပြန်ခေါ်သွားမယ်။ ရှီးနန်ပြန်ရောက်မှ ပြန်ဖွင့်ပြီး အဆိပ်ဖြေကြမယ်"

သွမ့်ပိုင်ယွဲ့ အနည်းငယ်တွန့်ဆုတ်သွား၏။ ထို့နောက်မှ သေချာမေးလာ၏။

"စဥ့်အိုးကြီးထဲ ထည့်ပြီး သယ်ပြန်သွားမှာလား"

နန်မော်ယဲ့က သူ့ခေါင်းကို ဒေါက်ခနဲခေါက်ပစ်လိုက်သည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now