အခန်း - ၁၁၃ (ရဟန်းတော်)

10.2K 1.9K 590
                                    

[ ရှီးနန်ဝမ် အရှက်ရလွန်းလို့ ဒေါကန်နေပြီ ]

သိုင်းလောက၏ လာဘ်ခေါ်ကောင်ကြီးက ကိုယ့်ကိုယ်ကို မျက်စိမှားသွားပြီဟု ထင်လိုက်သည်။

"မင်း ဘယ်သူလဲ"

ဖုန်းလေက သွေးများစီးကျလျက်ရှိသော သူ့ပခုံးကို လက်ဖြင့်အုပ်ထားပြီး မေးလာ၏။ မျက်ဝန်းများကတော့ နာကျည်းငြိုးတေးမှုများဖြင့် ပြည့်နေလျက်၊ မျက်နှာကြီးကလည်း ရွဲ့ပြဲတော့မတတ် ပျက်ယွင်းနေ၏။

"အဲ့စေတီထဲ ဘာရှိသလဲ"

ချူယွမ်က အေးစက်စွာသာ မေးလာသည်။

ဖုန်းလေက ထူးဆန်းသောအသံကြီးနှင့် မာန်ဖီအော်ဟစ်လာကာ ချူယွမ်ဆီ ​အပြေးလာပြီး တိုက်ခိုက်လာ၏၊ သေရမည်ဆိုလျှင်တောင် နှစ်ယောက်စလုံး အတူတူသေသွားရန်ဖြစ်သည်။ သို့သော် တပ်သားများက သံကြိုးများနှင့် ဝိုင်းချည်ပြီး တားဆီးထားလိုက်သည်။

"သူ့ကို စောင့်ကြည့်ထား"

ချူယွမ် သူနှင့် ဆက်ပြီး အချိန်မဖြုန်းအားသေး။ တစ်ခွန်းတည်းသော အမိန့်ကိုသာ မှာကြားလိုက်ပြီးနောက် ကုန်းမြင့်ပေါ်မှ ပြန်ဆင်းသွားသည်။ အရိပ်တပ်သားများကလည်း တစ်ညီတစ်ညာတည်းပင် ဘုရင့်အမိန့်တော်ကို နာခံယူလိုက်ကြပြီးနောက် ကျေနပ်ဂုဏ်ယူစွာ ပြုံးလိုက်သည်။

စောနက ဘုရင့်သက်တော်ကို မိမိတို့ ကာကွယ်စောင့်ရှောက်ပေးနိုင်လိုက်သည်ဟု ပြောလို့ရသည်မဟုတ်လား။

****

တောင်ခြေရင်းရှိ စေတီတွင်။

ရှောင်းရှောင်းအာက စေတီထဲဝင်သွားလိုက်သော်လည်း အထဲတွင်ဘာမှတွေ့မလာ။ သေချာပင် ရှာမကြည့်ရသေးခင် လူယုံတော်တစ်ဦးက အပြေးရောက်လာပြီး - မသေရုံတမည် အရိုက်ခံရသဖြင့် မေ့လဲနေသော အစောင့်တပ်သားများ စောနမှတင် ပြန်နိုးလာကြောင်း ​ရှောင်းရှောင်းအာအား အကြောင်းကြားလာ၏။ ထို့အပြင် သူ့ကို သတ်ရန်ကြိုးစားသောသူမှာ တုန်းဟို်င်မှ ဧည့်သည်များမဟုတ်ဘဲ ဖုန်းလေသာဖြစ်ကြောင်း ပြောပြလာ၏။

ရှောင်းရှောင်းအာလည်း ထိုစကားကိုကြားတော့ ချက်ချင်းပင် မျက်နှာအရောင်အသွေးပြောင်းသွား၏။ အခြားကိစ္စများကို ထည့်မတွေးအားတော့ဘဲ ချက်ချင်းပင် လင်လုံစေတီပေါ်မှ ပြန်ဆင်းလာခဲ့သည်။ သို့သော် အပြင်သို့ခြေချလိုက်သည်နှင့် ၊ အိမ်တော်ထိန်းက အပြေးရောက်လာကာ စံအိမ်တစ်ခုလုံးအား ဘုရင့်ရဲမက်များက ဝိုင်းရံထားပြီဖြစ်​ကြောင်း ၊ ပုန်ကန်သူများကို လာရောက်ဖမ်းဆီးကြသည်ဟုလည်း ကြေညာ​​ထားကြောင်း ဆိုလာသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now