အခန်း - ၉၂ (ဒီတစ်ယောက်ကို သွမ့်ဝမ် သတိထားရပါမယ်)

12.8K 2.3K 566
                                    

( သစ်ရွက်လေးတစ်ရွက် )

ချူယွမ်၏ " သူ့သဘော" ဆိုသော စကားတစ်ခွန်းတည်းနှင့်ပင် သွမ့်ပိုင်ယွဲ့၏ ခရီးစဥ်မှာ ဘာအနှောင့်အယှက် အဟန့်အတားမှမရှိခဲ့။

ခွန်းယွီ့ ၊ ဆွီ့လာန် ၊ ကျဲန့်နန် ၊ ကျူရှန်း စသဖြင့် သူတို့ဖြတ်သန်းသွားသော တာ့ချူပိုင်နက်နယ်မြေတိုင်း၏ မြို့စားမင်းများကတော့ အတော်ပင် ထိတ်လန့်တုန်လှုပ်ကုန်ကြကာ ညညဆိုလျှင် အိပ်လို့ပင်မပျော်တော့။ ဒီရှီးနန်ဝမ်က ဘယ်အချိန်မှာများ အဓိကရုဏ်းတွေ ဖြစ်စေမည်လဲဆိုသည်ကိုစိုးရွံ့နေကြရသည်။ ပြည်သူလူထုများကလည်း ထိတ်လန့်ခြောက်ခြားကုန်ကြလို့ ၊ လက်ရှိအခြေအနေက ငြိမ်သက်အေးချမ်းနေရဲ့သားနှင့် ဘာကြောင့်များ စစ်တိုက်ကြမည်တဲ့လဲ။

သို့သော် ရှီးနန်တပ်မတော်နှင့် တကယ် နဖူးတွေ့ဒူးတွေ့ ဆုံတွေ့ရချိန်မှာတော့ အတော်ပင် စိတ်ချမ်းမြေ့ရပေသည်။

အကြောင်းမှာ ရှီးနန်တပ်ကြီး ချီတက်လာရာ လမ်းတစ်လျှောက်တွင် တပ်သားတိုင်းက စစ်တပ်စည်းကမ်းအတိုင်း တစ်သဝေမတိမ်း လိုက်နာကျင့်သုံးကာ အတော်ပင် စည်းကမ်းစောင့်စည်းကြပေ၏။ အစားအသောက်သုံးဆောင်ရာတွင်လည်းကောင်း၊ အိပ်စက်အနားယူလျှင်သော်လည်း ထိုက်သင့်သောအဖိုးအခများ တလေးတစား ပေးကြသည်၊ တစ်ခါတစ်ရံ အထူးဆုကြေးဟူ၍လည်း ဆုချတတ်ကြသေးသည်။ မြစ်တစ်ဖက်ကမ်းသို့ကူးဖို့ လှေဆိပ်သို့ ရောက်နေကြစဥ်တွင်လည်း ဘေးနားရှိကျေးရွာများ သဘာဝဘေးဒဏ်ခံစားနေရသည်ကိုကြားတော့ ထိုကျေးရွာများ၏အနားတွင် သုံးရက်မျှ စခန်းချရပ်နားကာ ပြည်သူများ၏အိုးအိမ်များကို ကူညီပြုပြင်ပေးခဲ့ကြသည်။ ထို့အပြင် စားနပ်ရိက္ခာအတွက် လှည်းတစ်စီးပါ ပေးကမ်းခဲ့သေးသည်။

ထိုအကြောင်းက ရွှေမြို့တော်ထိ ပျံ့နှံ့သွားတော့ ညီလာခံထဲက မှူးမတ်အိုကြီးများမှာ ရင်တမမနှင့် သက်ပြင်းမော အခါခါချကြရပြန်သည်။

ရှီးနန်ဝမ်က ပြည်သူတွေကို တမင်သက်သက် မဲဆွယ်နေတာပဲ။

တကယ်ကို မာယာထွေပြားလှပေတယ်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now