အခန်း- ၅၃ (နေ့ခင်းကြောင်တောင်ကြီး သူများတပည့်ကို လာလုနေတယ်ဗျိုး)

12.2K 2.2K 162
                                    

[သေခါနီး ဒီဘိုးတော်ကြီးကတော့ အရှက်ကိုမရှိဘူး]

"ဒီဖန်ရှင်းကစားကွက်ကို အဘ်ိုးဖြေရှင်းနိုင်တယ်ပေါ့"

သွမ့်ယောင် ထိုစကားကိုကြားတော့ အတော် အံ့သြသွား၏။

"စစ်တုရင်ကစားကွက်တစ်ခုပဲလေ။ အရင်ကတော့ မနိုင်ပေမယ့် နှစ်အကြာကြီးဆော့လာတော့ လမ်းစလေးတွေ့လာပါပြီ၊ အချိန်တွေ အလဟဿ မဖြစ်ခဲ့ပါဘူး"

သွမ့်ယောင်က မဝေခွဲနိုင်သေးသည့်နှယ် အသာလေးပြန်ထိုင်ရင်း ဆိုလာ၏။

"ကျွန်တော်က စစ်တုရင်ကိုဆို တစ်ကွက်မှတောင် မရွှေ့တတ်ဘူးနော်"

"ကိစ္စမရှိပါဘူး၊ ဖြည်းဖြည်းချင်း သင်ကြတာပေါ့ကွာ။ဒီစစ်တုရင်ကိုနိုင်အောင် ဆော့တတ်သွားရင် တစ်နေ့နေ့ကျ မင်းအစ်ကိုရဲ့ အသက်ကို နည်းနည်းလောက် ထပ်ပြီး ဆွဲဆန့်ပေးချင်ပေးနိုင်မှာပေါ့"

သွမ့်ယောင် မျက်၀န်းများ ပြုးကျယ်သွား၏။

"ကဲ၊ သင်မှာလား မသင်ဘူးလား"

"သင်မယ်!!!!!"

သွမ့်ယောင် အမြန်ပင် အဖြေပေးလိုက်၏။အဘိုးအိုက ခေါင်းညိတ်လိုက်ကာ -

"ဒီညကစပြီး တစ်ညကို သုံးကွက်စီသင်ပေးမယ်"

"ဟုတ်၊ ဟုတ်"

"ပထမတစ်ကွက်ကို 叫斩月摘星(Jiao Zhan Yue Zhai Xing)"

အဘိုးအိုက စစ်တုရင်တစ်ခု ယူလိုက်ကာ -

"ကြည့်ရင်တော့ သာမန်အကွက်လို့ပဲ ထင်ရပေမယ့် နောက်ပိုင်းကျရင် သမုဒ္ဒရာကြီးလေးစင်းကိုတောင် ဝါးမျိုနိုင်တဲ့အစွမ်း ရှိတယ်"

သွမ့်ယောင်က မေးကို ထောက်ကာ အသာ နားထောင်နေ၏။ နားမလည်သော်လည်း အဘိုးအိုရွှေ့သမျှနောက် သေချာလိုက်ကြည့်နေသည်။

"ဒီနည်းကတော့ 叫观星落海 (Jiao Guang Xing Luo Hai)"

အဘိုးအိုက နောက်တစ်ကွက်ကို သင်ပေးမည်အပြု တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် -

"တစ္ဆေငယ်လေး၊ မင်းက ငါ့ကို ဆရာလို့တောင် မခေါ်ရငေးဘူး"

ဟင်၊ ဆရာအနေနဲ့ ဂါရ၀ပြုရဦးမှာလား။

သွမ့်ယောင် အတော် စိတ်ကျဥ်းကျပ်နေပြီဖြစ်သည်။ မခေါ်ချင်၍တော့မဟုတ်၊ မိမိမှာ ဆရာတစ်ယောက် ရှိပြီးသားဖြစ်နေသောကြောင့်ပင်။ အကျင့်စရိုက် ဆိုးသွမ်းရုံတင်မက စိတ်သဘောထားလည်း သေးသိမ်သေး၏။ မိမိဆီမှာ ခစားစရာ နောက်ဆရာတစ်ယောက်ပေါ်လာမှန်း သိသွားလျှင်တော့ ထွေထွေထူးထူး မှန်းဆနေစရာပင်မလို၊ ဤ နန်းဆောင်ကြီးတစ်ခုလုံးမှာ မိုးမီးလောင်ပြီးသား ဖြစ်လောက်ပေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now