အခန်း- ၁၈ (ဖေမျဲန်ပြည်)

15.8K 2.8K 407
                                    

Unicode version :

[ ဘာထိုင်လုပ်နေတာလဲ.... မြန်မြန်သွားပြီး
ခိုးတွေ့ကြတော့လေ ]

ဘိုးဘွားဗိမာန်ဂူထဲ သွမ့်ပိုင်ယွဲ့မှာ တစ်လကြာမျှ ဒဏ်ရာကုသမှုခံယူနေသော်လည်း သွမ့်ယောင်ရော ကျောက်ဝူရော ရှိနေသဖြင့် ရှီးနန်စံအိမ်တော်မှာ နဂိုအတိုင်း မပြောင်းမလဲ အခြေအနေတည်ငြိမ်နေခဲ့သည်။ တစ်ခါတစ်ရံ သွမ့်ယောင်လက်ဆော့ပြီး တွေ့ကရာလူကို အကောင်ဗလောင်များဖြင့် လိုက်လိုက်ပစ်ပေါက်တတ်သဖြင့် ထိုနောက်ဆက်တွဲပြဿနာများကို ကျောက်အူက လိုက်လံဖြေရှင်းပေးရရုံမျှသာ ။ ရှီးနန်၏ အခြားအမှုရေးရာများကိုတော့ သွမ့်ပိုင်ယွဲ့၏လူယုံတော်အရာရှိများက ကိုင်တွယ်ဖြေရှင်းပေးထားသဖြင့် အရာအားလုံးက စနစ်တကျ ငြိမ်းချမ်းစွာ လည်ပတ်စီးဆင်းနေခဲ့သည်။

ယနေ့မှာတော့ နန်မော်ယ​ဲ့က စံအိမ်တော်သို့ပြန်လာပြီး အသားဟင်းငါးဟင်းလာစား၏။ ပြန်လာပြီး နာရီ၀က်ခန့်ပင်မကြာလိုက် ၊ နန်မော်ယဲ့က သွမ့်ယောင် မွေးမြူထားသော ​အနီရောင်မြွေအဆင်းရှိ အကောင်တစ်မျိုးကို မတော်တဆတက်နင်းမိပြီး ထိုအကောင်လေးမှာ အသက်ထွက်သွားရှာသည်။ ခဏတာမျှသာ လန့်ဖျတ်သွားပြီးနောက် အေးအေးလူလူပင် တောင်အနောက်ရှိဂူထဲသို့ပြန်သွားကာ မိမိမွှေးခဲ့သောမီးကိုမ​ငြိမ်းဘဲ နောက်လူလက်ထဲ ပေးသွားလေသည်။

ကျောက်ဝူ - "........."

ဟွားထန်က အလိုက်တသိမေးလာ၏။

"ကျွန်မ တောထဲခဏသွားပြီး အစားထိုးပေးစရာ အကောင်လေးတွေ သွားရှာပေးလိုက်မယ်လေ။ နှင်းလည်းမကျ ရေလည်းမခဲသေးတာမို့ တစ်ကောင်တစ်လေတော့ တွေ့မှာပါ"

ကျောက်ဝူက မိမိလက်စွဲတော်ဓားကိုယူပြီး ဖြေလာသည်။

"ကိုယ်ပဲသွားလိုက်ပါ့မယ်။ တစ္ဆေငယ်လေး ပြန်လာလို့ စိတ်ကောက်နေရင် မင်းနဲ့ အရီးတော်ကျင်းနဲ့ကပဲ ချော့ပြောပေးနိုင်တာ"

( T/N : သွမ့်ယောင်ကို တစ္ဆေငယ်လေးလို့ပဲ
သွမ့်အိမ်တော်ကလူတွေ ချစ်စနိုးခေါ်တတ်ပါတယ် )

"ပိုးကောင်တွေကိုလေ .... အုံလိုက်ကျင်းလိုက်တွေ့ရရင် ၀၀ဖြိုးဖြိုးအကောင်လေးတွေရွေးပြီး ခပ်များများလေးယူလာပေးလိုက်နော်။ မဟုတ်ရင် စိတ်ကောက်မပြေမှာ စိုးရတယ် "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now