အခန်း - ၉၅ (ဘယ်လိုဆင်ခြေမျိုးပဲပေးပေး မရဘူး )

13.9K 2.5K 527
                                    

"မင်း....မင်း ဘာလို့ ဒီလောက်အခြေအမြစ်မရှိတာတွေ ပြောနေတာလဲ"

လီ့ယင်းတစ်ယောက် စိတ်တိုလွန်း၍ မျက်နှာများပင် ဖြူဆုတ်နေပြီဖြစ်သည်။ နှမငယ်ဖြစ်သူအား မှတ်လောက်သားလောက်အောင် ရိုက်ပစ်ရန် လက်ကလည်း ရွယ်ထားပြီးဖြစ်၏။

"ဘယ်မှာ အခြေအမြစ်မရှိလို့လဲ။ သွမ့်ပိုင်ယွဲ့နဲ့မှမဟုတ်ရင် တခြားဘယ်သူနဲ့မှ လက်မထပ်နိုင်ဘူးလို့ ညီမ မပြောခဲ့ဘူးလား။ အဖေနဲ့အစ်ကိုတို့ကပဲ ညီမကို သတို့သမီးဝေါယာဥ်ပေါ် အတင်းတင်ပြီး ဝေ့ဟယ်ဂိုဏ်းကို ပို့လိုက်တာလေ"

သူမစကားများမှာ လီ့ယင်းကို သတိလစ်သွားစေတော့မတတ် ဒေါသထွက်စေနေပြီ။ သို့သော် လီ့ယင်းက သူမအား မရိုက်ရက်ပြန်ဘဲ ခြေကိုသာ မြေပေါ် ဆောင့်ကန်လိုက်၏။

"တော် တော်....ဒီကိစ္စကို ဒီလောက်နဲ့ပဲ တော်လိုက်တော့့။ အဲ့ဒီရှီးနန်၀မ်က အခု ပုန်ကန်ခြားနားတော့မှာ။ အတိတ်မှာ မင်းတို့ဘယ်လိုပဲ ပတ်သက်ခဲ့ ပတ်သက်ခဲ့၊ နောက်နောင်ကျရင် လုံးဝ ထုတ်မပြော​ရဘူး၊ ကြားလား"

လီ့ချွေက အစ်ကို့စကားကို မကြားချင်သည့်နှယ် ပုဝါဖြင့်မျက်နှာအုပ်ကာ တစ်ဘက်သို့ လှည့်သွား၏။

"ဟင်း"

လီ့ယင်းခမျာ သက်ပြင်းမောကြီးချကာ နှမဖြစ်သူအား ဆွဲခေါ်ပြီးပြန်သွားလေ၏။

သွမ့်ပိုင်ယွဲ့ - "......"

ချူယွမ်ကတော့ သူ့ဘက် လှည့်ကြည့်နေသည်။ မျက်နှာထားမှာ ပြုံးနေသလား ပြုံးမနေဘူးလားဆိုသည်ပင် ခန့်မှန်းရခက်လှချေ၏။ နှစ်ယောက်သား အကြည့်ချင်းဆုံသွားတော့ ချူယွမ်က ချက်ချင်းပင် သစ်ကိုင်းထက်မှ ပြန်ခုန်ဆင်းလာသည်။

"အဲ့တစ်ယောက် ဘယ်သူဖြစ်မှန်းတောင် ကိုယ်မသိဘူးလေကွာ"

သွမ့်ပိုင်ယွဲ့မှာ နောက်မှ အပြေးလိုက်ချော့နေရသည်။ ရယ်ရမလား ငိုရမလားမသိတော့။

"​ဪ"

"ဟာ....အဲ့ဒီဪက ဘာသဘောတုန်းလို့။ တခြားလူတွေ ကိုယ့်ကို မယုံရင် ထားလိုက်တော့၊ ဒါပေမယ့် မင်းတော့ ကိုယ့်ကိုယုံရမယ် "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now