[အင်မတန်မှ ရက်စက်ကြမ်းကြုတ်လှသော ဆံပင်ဖြီးနည်း]
ညနေခင်းရောက်တော့ ကျောက်ယွဲ့က ဝမ်းလျိုနျဲန်အား ထမင်းပြန်သွားစားဖို့ရန် လာခေါ်သည်။
သေသေချာချာ ပြန်စဥ်းစားကြည့်လျှင် တာ့ချူ၏ မဟာသေနာပတိအမတ်မင်းဖြစ်ရသည်မှာလည်း အတော်ပင်ပန်းသကိုး။ ကောင်းကင်၏သားရတနာအတွက် တိုင်းရေးပြည်ရာကိစ္စတွင် အကြံပေးရသည်သာမက ကောင်းကင်သားရတနာအတွက် တံခါးပါ စောင့်ပေးရသေးသည်။
အမတ်မင်းဝမ်းက ပြောလာ၏။
"ဝက်ခြေထောက်စားချင်တယ်"
မည်သို့ပင်ဆိုစေ ထိုတံခါးဝရှေ့တွင် နာရီပေါင်းများစွာ အားအင်ချည့်နဲ့နေအောင် ထိုင်စောင့်နေရပြီးြဖစ်သည်။ နေကလည်းပူ၊ လေကလည်း ပြင်းသေး ၊ နည်းနည်းတော့ ကိုယ့်ကိုယ်ကို ကျွေးမွေးပြုစုရဦးမည်။
****
"အပြင်ဘက်မှာ မိုးတောင်ချုပ်နေပြီ၊ မထနဲ့တော့ "
အခန်းအတွင်းတွင် ဖြစ်သည်။ သွမ့်ပိုင်ယွဲ့က ဆက်ပြောလာ၏။
"ဘာစားချင်လဲ၊ ဒီအခန်းထဲထိ လာပု့ိပေးဖို့ ကိုယ် အပြင်ထွက်မှာပေးမယ် "
"သူပုန်တွေ ထောင်ထဲမှာရှိနေတုန်းလေ။ စာရင်း သွားမရှင်းတော့ဘူးလား"
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ထက် မေးထောက်ရင်း မေးလာ၏။ သွမ့်ပိုင်ယွဲ့က ချူယွမ်အား စောင် သေချာခြုံပေးလိုက်ကာ ပြောလာ၏။
"နန်းတော်ပြန်ပြီးမှ အမှုစစ်ရရင်လည်း သိပ်နောက်မကျသေးပါဘူး။ ဒါမှမဟုတ် မင်းစိတ်ရှုပ်နေတယ်ဆိုရင်လည်း ကိုယ့်ကို အကုန် လုပ်ခိုင်းလိုက်လေ။ အခုချက်ချင်း အဲ့အမှုကိုရှင်းလိုက်စရာ အကြောင်းမှမရှိတာ"
"တိုင်းပြည်ပျက်စီးခြင်းရဲ့ အကြောင်းရင်း၊ တိုင်းသူပြည်သားတွေရဲ့ ဒုက္ခတုံးကြီး"
ချူယွမ် နှုတ်ခမ်းဆူလိုက်ကာ ပြောလာသည်။ သွမ့်ပိုင်ယွဲ့ ခေတ္တမျှ ငြိမ်သက်သွားသည်၊ ပြီးမှ မေးလာ၏။
"မင်းပြောနေတာ ချူရှိန့်ကိုလား၊ရှောင်းရှောင်းအာကိုလား"
YOU ARE READING
ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]
RomanceDi Wang Gong Lue (or) Emperor's Strategy {Myanmar Translation} Author : Yu Xiao Lan Shan