အခန်း - ၁၀၄ (အောင်မြင်မှုနှင့်အတူ ပြန်လာခြင်း) Re- Upload.

11.7K 2.1K 421
                                    

[မင်းအတွက် ထမင်းချက်ကျွေးရင် ကောင်းမလားနော်]

တာ့ချူရေတပ်မှ ပစ်လွှတ်သော အမြောက်ကြီးများ၏ အရှိန်ကြောင့် ပင်လယ်ရေမျက်နှာပြင်မှာ ဝုန်းခနဲ အုန်းခနဲ လှိုင်းများ ရိုက်ခတ်လွင့်စင်နေလို့ ။ ကြီးမားလှသော ကျောက်တုံးကျောက်ဆောင်များသည်လည်း မိုးယံထက် လွင့်စင်ပေါက်ကွဲကုန်ကာ ရေပြင်ပေါ် သို့ ကျယ်လောင်မြည်ဟီးစွာ ကျလာကုန်၏။

စစ်ပွဲမှာ တစ်နေ့လုံး ဒီအတိုင်းသာ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ကောင်းကင်ယံတွင် ပိန်းပိတ်မည်းမှောင်နေအောင် အစုလိုက်အအုံလိုက် ဝဲပျံအုပ်ဆိုင်းနေသော ဧရာမ ပေါက်ဆန်းငှက်အုပ်လိုက်ကြီးကို ကျောက်ယွဲ့က အကုန်သုတ်သင်သတ်ဖြတ်ပစ်လိုက်ကုန်၏။ ထိုခါမှ ပိုင်ဝုကျွန်းလည်း တစ်ခဏတာ ငြိမ်သက်တိတ်ဆိတ်သွားသည်၊ သို့သော် တစ်ဖက်ရန်သူက ဘာဆက်လုပ်မည်မှန်း ကြိုတင်မှန်းဆလို့ကိုမရ။

သွမ့်ပိုင်ယွဲ့က ချူယွမ်အား ခဏအနားယူရန် ပြောမည်ကြံနေစဥ္၊ ယဲ့ကျင်က အခန်းထဲ အရင်ပြေးဝင်လာကာ တစ်ဖက်ရန်သူမှ လှုပ်ရှားမှုပြုလာကြောင်း ပြောပြလာ၏။

တစ်ဖက်ကမ်းတွင် ဟိုတစ်စဒီတစ်စပျံ့ကြဲနေသော မှိတ်တုန်မှိတ်တုတ် မီးရောင်များက ခဏကြာတော့ တစ်ဖြည်းဖြည်းစုဆုံလာသည်။ မှော်ဂါထာတစ်မျိုးလေလား ၊ သို့မဟုတ်ပါက ဝိညာဥ္မီးတောက်များလေလား မသဲကွဲ ။ သို့သော် ခဏအကြာ သိလိုက်ရသည်မှာ မီးရောင်များဖြင့် ထင်ဟပ်တောက်ပနေသော မြောက်များလှသည့် မျက်ဝန်းအစုံများပင်ဖြစ်နေသည်။

"ပင်လယ်မျောက်ဝံတွေ" *

သွမ့်ပိုင်ယွဲ့က ဆိုသည်။

"ပင်လယ်အောက်က ထူးထူးဆန်းဆန်းအကောင်တွေလား"

ချူယွမ်က မေးလာတော့ -

"တုန်းဟိုင်ပင်လယ်က အရမ်းကျယ်ဝန်းနက်ရှိုင်းတော့ အောက်ကြမ်းပြင်မှာ ဘာတွေရှိနေနိုင်မှန်း ဘယ်သူမှ အတိအကျမဖြေနိုင်ဘူး ။ ဘာမှတွေးပူမနေနဲ့။ အမြောက်နဲ့အရင်ပစ်လိုက် ၊ နောက်ကိစ္စ နောက်မှရှင်းကြစို့"

ရှန်ချန်းဖန်းလည်း ထိုအကောင်များကို သတ်ပစ်ရန် အချက်ပြလိုက်သည်၊ ခဏအကြာ အမြောက်သံတစ်ချက် တုန်လှုပ်မြည်ဟီးသွားပြီး ရှေ့ဆုံးမှလာသော အကောင်များမှာ အော်ဟစ်မြည်တမ်းကြကာ ရေထဲ ပြုတ်ကျသွားကုန်ကြ၏။ ရေမျက်နှာပြင်ထက် ချက်ချင်းပင် သွေးချင်းချင်းနီစွေးသွားတော့ ကျန်သောအကောင်များက ဒေါသတကြီးဖြစ်ကြပြီး ပို၍ကျယ်လောင်စွာ အော်ဟစ်လာကြကာ၊ သူ့ထက်ငါအရင် ရေထဲအမြန်ခုန်ဆင်းလာပြီး တာ့ချူတပ်ရှိရာသို့ လျင်မြန်စွာ ကူးခတ်လာကြကာ သင်္ဘောများပေါ်သို့ အလျင်အမြန် တွယ်တက်လာကြသည်။
၎င်းတို့၏ ခေါင်းပေါ်တွင်လည်း ဗုံးများ ချည်နှောင်ထားကြသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now