အခန်း - ၄၂ (အဆက်)

12.2K 2.4K 513
                                    

အလုပ်ရုံထဲတွင် အဖိုးမုချီက သစ်သားစောင်းတစ်ခုကို ဖန်တီးနေ၏။ တီးခတ်လိုက်လျှင် စမ်းသီတာ ရေအလျဥ် တသွင်သွင် စီးဆင်းနေသည့်နှယ် အတော်ပင် နား၀င်ပီယံရှိကာ ချိုသာငြိမ့်ညောင်းလှပေ၏။

အခုတစ်ခေါက်တော့ အပြင်ဘက်က နှစ်ယောက်ကလည်း အထာနှပ်ပြီးသားဖြစ်ကာ အထဲမ၀င်ခင် အပြင်ဘက်က အရင်ဦးစွာ တံခါးခေါက်သင့်ကြောင်း နားလည်ထားပေသည်။

"သြ....အရှင်မင်းမြတ်နဲ့ ရှီးနန်ဝမ်ပါလား"

အဖိုးမုချီက တံခါးလှစ်ဟပေးပြီး ပြုံးရွှင်စွာဆိုလာ၏။

"ကျွန်တော်မျိုးလည်း ခုလေးတင် နောက်ဆုံးယန္တရားကြိုးကို တပ်ဆင်ပြီးသွားတာ။ တကယ့် အချိန်ကိုက်ကို ရောက်လာကြတာပဲ"

"စောန တံခါးအပြင်ဘက်ကနေ ကြားလိုက်ရတယ်။ ဒီစောင်းလေး အသံထွက်တာ အတော် နားထောင်လို့ကောင်းတယ်"

ချူယွမ်က ပြောပြောဆိုဆို ထိုသစ်သားစောင်းကို ယူကြည့်လိုက်ကာ ဆက်ပြော၏။

"ဒီလို တူရိယာသေးသေးလေးကနေ ထွက်လာတဲ့ ဂီတသံဖြစ်မယ်မှန်း မထင်ထားဘူး"

"အဲ့ဟာကလည်း လျှို့ဝှက်လက်နက်ပဲလား"

သွမ့်ပိုင်ယွဲ့က မေးလာ၏။

"မဟုတ်ပါဘူး ဝမ်ရယ်ရဲ့....အဲ့ဒီသစ်သားအပိုင်းအစလေးက အရမ်းကောင်းနေတော့ ထင်းအဖြစ် လွှင့်ပစ်ရမှာ နှမြောနေတာနဲ့ သစ်သားစောင်းအဖြစ် လုပ်ပစ်လိုက်ရုံတင်။ တာ့ယဲန့်မှာတော့ လက်မှုပညာရှင်တွေ အပျော်တမ်းတီထွင်ဖန်တီးခဲ့တဲ့ ကလေးကစားစရာလေးပါပဲ ၊ သံစဥ်မဖြစ်ပေမယ့် လျှောက်တီးလိုက်ရင်တောင် အသံထွက်တာ နားထောင်လို့ အဆင်ပြေနေတာပဲလေ"

"အဖိုးကတော့လေ တကယ်ကိုပဲ...."

သွမ့်ပိုင်ယွဲ့မှာ ချီးမွမ်းစရာစကားပင် ရှာမတွေ့တော့။ ထို့နောက် နှမြောတသသနှင့် မှတ်ချက်ဆိုလာ၏။

"ဒီလို အနုစိတ်ကျကျ ပစ္စည်းကောင်းတွေ လုပ်နိုင်တဲ့လူက ရှားတယ်။ အဖိုးဆီမှာ ပညာဆက်ခံမယ့် တပည့်မရှိတာ အတော် နှမြောဖို့ကောင်းတာပဲ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now