အခန်း -၂၆ (မြို့တော်ဆီ အတူတူပြန်ကြရအောင်)

15K 2.5K 438
                                    

Unicode version :

[ဗောဓိသတ္တသိုင်းကျင့်စဥ်ဆိုတာ ဒါပဲ]

ချိုင်ထျဲန် အဆောတလျင်ပြေးကြည့်လိုက်တော့ တဲအိမ်လေးမှာ ရစရာမရှိအောင် မီးတောက်များ၀ါးမြိုနေပြီဖြစ်၏။ အကယ်၍ အဘိုးအိုမုချီသာ အိမ်ထဲမှ ထွက်မလာခဲ့သေးလျှင်တော့ အရိုးစုပင်မကျန်လောက်အောင် လောင်ကျွမ်းခံနေရလောက်ပေပြီ။

ထျဲန်းချာ့ဂိုဏ်းခမျာ အဖိုးအိုမုချီကို ဖွက်ထားရန် ဤနေရာအား အတော်ပင်စဥ်းစားရှာဖွေယူခဲ့ကြရသည်။ မည်သူမျှရှာမတွေ့နိုင်သည့်နေရာဖြစ်လျှင်ပြီးရောဟုသာ ဦးစားပေးခဲ့သဖြင့် ဤကဲ့သို့ မတော်တဆဘေးအန္တရာယ်မျိုးဖြစ်လာနိုင်သည်ကို ထင်မှတ်မထားခဲ့။ ချိုင်ထျဲန်လည်း လွန်စွာမှဆောက်
တည်ရာမရ ပူပန်သွားကာ ကွေလိုင်စံအိမ်ရှိလန်ဂျီးထံ သွားရောက်အကြောင်းကြားမည်အပြု ၊ မိမိလည်ပင်းနောက်မှ အေးစက်စက်အထိအတွေ့တစ်ခု ရလိုက်လေသည်။

"ဘယ်သူ့ကိုလာရှာနေတာလဲ"

သွမ့်ပိုင်ယွဲ့က ရေခဲတမျှအေးစက်သော လေသံဖြင့်မေးလာ၏။

"ရှီးနန်၀မ်?"

ချိုင်ထျဲန် လွန်စွာ အံ့အားသင့်သွားကာ နောက်ဘက်သို့လှည့်ကြည့်မည်ပြုသော်လည်း အေးစက်ချွန်မြသော ဓားသွားကိုပါ ​စိုးရွံ့ရသေးသည်။ သို့သော် စိတ်အေးနေဟန်ယောင်ဆောင်ကာ ပြန်ဖြေ၏။

"ရှီးနန်၀မ် လိုချင်တဲ့လူရှိရင် ခေါ်သွားလှည့်ပါ၊ ကျွန်တော်မျိုးမ ဘာမှအပြစ်တင်ရဲပါဘူး"

"ပန်၀မ်း မေးလိုက်တဲ့စကားကို မင်းသေချာမကြားရဘူးနဲ့တူတယ်"

သွမ့်ပိုင်ယွဲ့က စိတ်မရှည်စွာ ဓားသွားကို အားပိုပါအောင် ဖိလာတော့မှ ချိုင်ထျဲန် မလိမ့်တပတ် မလှုပ်ရှားရဲတော့။

" အဖိုးအိုမုချီကို ရှာနေတာပါ"

"ထျဲန်းချာ့ဂိုဏ်းက သူ့ကို ဘာကြောင့်ဖမ်းခေါ်သွားချင်တာလဲ"

"ဂိုဏ်းချုပ်သခင်မကြီးက ချဲန်းဟွေဟွမ်ဆိုတဲ့ လျှို့၀ှက်လက်နက်တစ်ခု ဖန်တီးချင်လို့ပါ၊ အဖိုးအိုမုချီကလည်း အတော်ဆုံးလက်သမားဖြစ်နေတော့...."

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now