အခန်း - ၃၅ (ချောင်ယာလူမျိုးစု)

12.4K 2.3K 205
                                    

[ ဟိုင်နန်တောင်ပင်လယ်အတွင်းရှိ ပဥ္စလက်နယ်မြေ ]

Unicode version:

နောက်တစ်နေ့ရောက်တော့ သွမ့်ပိုင်ယွဲ့လည်းတကယ်ပင် အဖိုးမုချီနှင့် သွားမတွေ့တော့ဘဲ ထိုအစား နန်းတော်အပြင်ဘက် ထွက်လာခဲ့လေ၏။

"ဘယ်နှယ့်လဲ၊ ချဲန်းဟေဟွမ်ကိုရလာပြီလား"

နန်မော်ယဲ့လည်း လက်ထဲ ပေါက်စီတစ်လုံးကိုင်ရင်း လမ်းကြားတစ်ခု၌ စောင့်နေလေသည်။

"မရခဲ့ဘူး"

"ဒါဆို နောက်ထပ် ဘယ်လောက်ကြာကြာ ထပ်စောင့်ရမတဲ့လဲ"

"ဘယ်လောက်ကြာကြာ ထပ်စောင့်ရမယ်ဆိုတာကို မရှိတော့တာ"

နန်မော်ယဲ့ - "....."

"ရှောင်ယွမ်က ကျွန်တော့်ကို အဲ့ကိစ္စထဲ ၀င်ပါခွင့်မပြုဘူး"

"အဲ့တော့....."

"အဲ့တော့ ဒီကိစ္စကို ဒီလောက်ပဲရပ်ထားမယ်၊ ရှစ်ဖူးလည်း ပေါက်စီဆက်စားနေလိုက်တော့"

ပြောပြီးသွားတော့ သွမ့်ပိုင်ယွဲ့လည်း ချာခနဲလှည့်ထွက်သွားသည်။ သို့သော် နောက်
ကျောဘက်က လေခွင်းသံတစ်ခု ကြားလိုက်သည်နှင့် ချက်ချင်းပင် ရှောင်လိုက်လေ၏။
သို့သော်လည်း ရှောင်၍မလွတ်ဘဲ နန်မော်ယဲ့က သွမ့်ပိုင်ယွဲ့ခေါင်းကို ဘုန်းခနဲ ရိုက်ပစ်လိုက်ပြီးနောက် ဒေါသတကြီးဆိုလာသည်။

"မင်းတို့အချင်းချင်း သေချာမဆွေးနွေးခဲ့ကြသေးဘဲ ဒီဆရာကို တာ၀န်ပေးလိုက်တယ်ပေါ့ .....ဟမ်"

"အင်း၊ သေချာစဥ်းစားကြည့်လိုက်တော့ ဒီကိစ္စ ကျွန်တော်တို့ရှီးနန်နဲ့ ဘာမှမဆိုင်တာ"

နန်မော်ယဲ့ - "....."

"အရင်တုန်းကတော့ ဆိုက်ဖန်းအန်းက ဘာလို့ အဖိုးမုချီကို လိုက်ရှာရသလဲဆိုတဲ့ ရည်ရွယ်ချက်သိချင်လို့ပဲ၊ ခုလည်း သိသွားပြီဆိုတော့ ဘာမှဆက်စုံစမ်းစရာမလိုတော့ဘူးလေ။ တစ်ခုတော့ရှိတာပေါ့၊ ရှစ်ဖူးကများ တရားမျှတတဲ့ ၊ ရဲရင့်ထက်မြက်တဲ့ သူရဲ
ကောင်းတစ်ယောက်အနေနဲ့ ကျုံးယွမ်သိုင်းလောကကို ဘေးအန္တရာယ်ကနေ ကာကွယ်ကယ်တင်ပေးချင်ရင်တော့ တစ်မျိုးပေါ့"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now