အခန်း - ၈၅

10.4K 2.2K 365
                                    

နောက်နှစ်ရက်ကြာသော် ဦးထိပ်ချွန်သော သင်္ဘောနက်တစ်စင်းက ဟွောင်းစစ်ကျွန်းမှသည် ပင်လယ်ပြင်သို့ ထွက်ခွာသွား၏။ သွမ့်ပိုင်ယွဲ့ကတော့ အရင်တစ်ခေါက်တုန်းကလိုပင် မျက်ဝန်းများအား အဝတ်စဖြင့် စည်းနှောင်ခံထားရမြဲဖြစ်သည်။ သို့သော် ဒီ အကြိမ် မြူခိုးထုကိုဖြတ်သန်းလာဖို့ တစ်နေ့နှင့်တစ်ညသာ အချိန်ယူရသည်။ ထိုအချက်နှင့်ပင် ဒီကျွန်းကိုရောက်လာတုန်းက သင်္ဘောပေါ်လိုက်ပါလာသူများ ထင်မှတ်မှားစေရန် ကျွန်းပတ်ပတ်လည်ကိုအခေါက်ခေါက်အခါခါ ဝိုင်းပြီး ပတ်လာခဲ့ခြင်းဖြစ်ရပေမည်။

ချိုးကျီကတော့ သင်္ဘောဝမ်းတွင်းရှိ အခန်းတစ်ခုထဲတွင် တစ်ချိန်လုံးရှိနေကာ မျက်လွွှာချပြီး အတွင်းအားများကို ကျင့်ကြံအားထုတ်နေ၏။ ပုံမှန်အားဖြင့်လည်း မည်သူနှင့်မျှ စကားပြောဆိုခြင်းမရှိ။

ယနေ့ နေ့လယ်ခင်းမှာတော့ သွမ့်ပိုင်ယွဲ့က သင်္ဘောသားတစ်ယောက်ကို မေးကြည့်လာသည်။

"ရှင်းကျိုးကျွန်းက ဘယ်ဘက်မှာရှိတာလဲ"

"ဒီကနေ သုံးလေးရက်တော့ ဝေးပါတယ်ခင်ဗျာ။ အရှေ့မြောက်အရပ်ကို ဦးတည်ပြီးသွားရမှာပါ"

သင်္ဘောပေါ် လိုက်ပါလာသော လူများကလည်း မိမိတို့ရှေ့မှောက်ကပုဂ္ဂိုလ်မှာ လက်ရှိအချိန်တွင် ချူရှိန့်၏အနှစ်သက်ဆုံး၊ အားအထားရဆုံးလူဖြစ်မှန်း သိထားကြသည်မို့ သွမ့်ပိုင်ယွဲ့ကို အတော်လေးပင် ရိုကျိုးနှိမ့်ချစွာ ပြောဆိုဆက်ဆံကြသည်။

သွမ့်ပိုင်ယွဲ့လည်း ထလိုက်ကာ သင်္ဘောဝမ်းခန်းထဲသို့ ပြန်ဝင်သွားသည်။

*****

ချိုးကျီ၏မျက်လုံးအစုံက ဖွင့်လှစ်လာ၏။

သွမ့်ပိုင်ယွဲ့က သူ၏ မျက်နှာချင်းဆိုင်နေရာတွင် ထိုင်လိုက်ကာ -

"သခင်လေး ချိုးကျီ"

"​​ေဩာ်၊ နည်းပြဝမ်ကိုး။ ကျွန်တော့်ဆီလာတာ ဘာအကြောင်းရှိလို့ပါလဲ"

"ဧကရာဇ်ချူကို လုပ်ကြံမယ့်လူတွေက ဘယ်ကနေ လာကြမှာလဲ"

"သူတို့အားလုံးက သခင်ကြီးရဲ့ နောက်လိုက်တပည့်တွေပါ။ ကျွန်းပေါ်မှာ နှစ်အကြာကြီး လေ့ကျင့်ရေးဆင်းခဲ့ကြတာလေ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now