အခန်း - ၈၅ - (တွေ့ဆုံခြင်း) အဆက်

11.3K 2.2K 220
                                    

[ရဲမက်တို့....အဲဒီလူသတ်သမားကို ဖမ်းလိုက်ကြ !!!!! ]

သွမ့်ယောင်ကတော့ အခန်းထဲတွင် စိတ်သောကများနေရပေပြီ။

ငါ့နောင်တော်ကြီးက သရဲများ ဝင်ပူးနေတာလားဟ။ ဘာလို့ ဒီအချိန်ကြီးကျမှ ငုတ်တုတ်ကြီးဖြစ်တာလဲ။ မျက်ရည်တပေါက်ပေါက်ကျပြီး၊ မရီးတော်ကို ရင်ခွင်ထဲ ဆွဲဖက်ထားရမှာမဟုတ်လား။

ခန္ဓာကိုယ်က အဆိပ်တွေနဲ့ပြည့်နေတာမို့ ဖက်လို့မရဘူးဆိုရင်တောင် ရှိုက်ရှိုက်ငိုပြီး အကျိုးအကြောင်း ပြောပြပေါ့ဟ။

ဝတ္ထုတွေထဲမှာဆိုလည်း အဲ့လိုလုပ်ကြတာပဲလေ။

"ကတောက်!!!! သစ်သားပြားတွေအားလုံး ငါ့အခန်းထဲရောက်နေတာ နှမြောစရာပဲ"

စစ်ကုန်းလွီ့ကလည်း နှမြောတသသဖြစ်စွာ ဆိုလာ၏။

"မဖြစ်တော့ဘူး၊ တစ်ခုခု လုပ်မှဖြစ်တော့မယ်"

သွမ့်ယောင်က ထရပ်လိုက်ပြီးခါမှ -

" အား......ဒါပေမယ့် ကျွန်တော့်ရင်တွေ အရမ်းတုန်နေတယ်ဗျ၊ အစ်ကိုလွီ့ ကူပြီး စဥ်းစားပေးဦး!!!!! "

"ရတာပေါ့ !!!!! "

စစ်ကုန်းလွီ့မှာ အတော်ပင် ယုံကြည်ချက်ပြည့်ဝနေသည်။

ချက်ချင်းကြီးကို လက်ခံလိုက်တော့ သွမ့်ယောင်ခမျာ ပိုလန့်သွားသည်။

"အစ်ကိုလွီ့၊ ရရဲ့လား"

"အေး.....ဖြစ်ချင်ရာဖြစ်ကွာ!!!!! "

စစ်ကုန်းလွီ့က ချက်ချင်းပင် တံခါးကိုဖွင့်ကာ ထွက်လာလိုက်သည်။

ဘာပဲဖြစ်ဖြစ် အခြေအနေက ဒီထက်ပိုပြီး မဆိုးနိုင်တော့။ မြင်းအသေကို မြင်းအရှင်သဖွယ် သဘောထားကာ ကုသရပေမည်။ (အလွန်အရေးကြီးသော သေရေးရှင်ရေးအခြေအနေများတွင် ကိုယ်စွမ်းရှိသရွေ့ လုပ်ကိုင်ဆောင်ရွက်ရပေမည်။)

"အစ်ကိုလွီ့ !!!!! "

သွမ့်ယောင်မှာ ထိတ်လန့်လွန်း၍ မျက်နှာပင် ဖြူဆုတ်သွားလေသည် ။ ထွက်သွားသော စစ်ကုန်းလွီ့ကို အမြန်ဖမ်းရန်ကြံသော်လည်း ဖမ်းလို့မမိလိုက် ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now