အခန်း- ၁၀ (ကောလာဟလ ပြန့်ပွားခြင်း)

17.2K 3K 518
                                    

[ပန်၀မ် ရှီးနန်ကိုပြန်မယ်လို့ ဘယ်သူပြောလဲ]

ညကောင်းကင်ယံမှာ ရေပြင်ထုနှယ် ငြိမ်သက်နေ၏။ အ​ေ၀းမှ လာနေသော မြင်းခွာသံများကြောင့် ငိုက်မြည်းနေသော မြို့စောင့်တပ်သားများ နိုးကြားလာကြသည်။ အနားနီးလာတော့မှ စစ်သူကြီး ရှန်ချန်းဖန်းမှန်း သေချာမြင်ရလေသည်။

​​ေဩာ်.....ဘယ်သူများလဲလို့။

မြို့စောင့်တပ်သားများက သက်ပြင်းချလိုက်ပြီးနောက် မြင်းကို ကူညီဆွဲပေးလာသည်။

"စစ်သူကြီးမင်းရှန် ၊ ဘာလို့ဒီလိုအချိန်ကျမှ ရောက်လာတာလဲ ခင်ဗျာ့"

"ဒီမတိုင်ခင် နန်းတွင်းထဲ ၀င်လာတဲ့လူရှိလား"

"မရှိပါဘူးခင်ဗျာ။ ငြိမ်သက်အေးချမ်းနေပါတယ် "

ရှန်ချန်းဖန်းမှာ အကြောင်းစုံရှင်းပြနေစရာအချိန်မရှိ၊ ခေါင်းသာငြိမ့်ပြလိုက်ကာ မြင်းဇက်ကြိုးကို ဆွဲပြီး နန်းတွင်းရှိ တပ်သားများစု​ေ၀းရာစခန်းသို့ အသော့နှင်သွားလေ၏။

မကြာမီမှာပင် မြင်းစီးတပ်သား အုပ်စုကြီးတစ်ခု နန်းတော်ဘက် ချီတက်လာသည်ကို အစောင့်တပ်သားများ တွေ့လိုက်ရ၏။ မီးတုတ်ကြီးများ ကိုင်ဆောင်လာသဖြင့်
ထိန်လင်းနေလျက်။ လျိုကုန်းဖြစ်နေမှန်းမမြင်မိလျှင် ပုန်ကန်ထကြွသူများဟုပင် ထင်မိမည်ဖြစ်သည်။

"အမတ်မင်းလျို....."

စကားပင်မဆုံးလိုက်ခင် ၀ုန်းခနဲအရှိန်နှင့်အတိုက်ခံလိုက်ရသောကြောင့် တပ်သားများမှာ ဘေးသို့ လဲကျသွားကြသည်။ထို့နောက် နန်းတွင်းထဲ တ၀ုန်း၀ုန်း၀င်သွားသောတပ်စုအား ပေကလပ်ပေကလပ်လေး ကြည့်မိကြလေသည်။

ဤအကြိမ်တွင်တော့ မည်မျှပင်ထုံအနေသူဖြစ်စေကာမူ မူမမှန်မှုတစ်ခုခုရှိမှန်း သတိထားမိမည်မှာအမှန်ပင်။ ရာထူးမှအနားယူသွားပြီဖြစ်သောလျိုကုန်းမှာ နန်းတော်သို့ ဤကဲ့သို့ အချိန်မတော်အခစား၀င်လာစရာအကြောင်းမရှိ။
ထို့ကြောင့် အစောင့်တပ်သားများလည်း အထက်အရာရှိများကို အမြန်ပင် အကြောင်းကြားရန် အပြေးလိုက်သွားတော့လေသည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now