အခန်း - ၁၂၇ (မာလျို့)

7.8K 1.5K 292
                                    

[ဒီထက်ပိုပြီး သိုင်းတော်နေခဲ့ရင်တောင် ထိပ်ပြောင်က ထိပ်ပြောင်ပဲ]

ရှန်ချန်းဖုန်းက ယဲ့ကျင်ပခုံးကို ခပ်ဖွဖွ ပုတ်လိုက်ပြီးနောက် ဆို၏။

"ဒီမှာပဲ စောင့်နေနော်"

ယဲ့ကျင် မျက်နှာ ရှုံ့မဲ့သွားသည်။

"ခင်ဗျား သေချာ သတိထားရမယ်နော်။ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေဖြစ်လာတယ်ဆိုကတည်းက လျှို့ဝှက်ထားတဲ့တစ်ချို့ကိစ္စတွေ ရှိနေဦးမှာပဲ။ ပြီးတော့ အဲ့ကောင်က ဘာအကောင်ဖြစ်မှန်းလည်း မသိရသေးဘူး။ ဘာပဲပြောပြော လက်ထဲ ဗုံးရှိနေမှာတော့ ရှစ်ဆယ်ရာခိုင်နှုန်း သေချာတယ် "

ရှန်ချန်းဖုန်းလည်း ခေါင်းညိတ်လိုက်ကာ ထိုလူဆိုးက မိမိတို့အနားသို့ပိုရောက်လာသည့်အထိ သတိကြီးစွာထားပြီး စောင့်နေလိုက်သည်။ ထို့နောက် ခြေထောက်တစ်ဖက်ကို အားပြုလိုက်ကာ လေဟာပြင်ထဲ ခုန်တက်လိုက်ရင်း ညာလက်ကလည်း လေးညှို့ကို ဆွဲပြီးပစ်ခွင်းလိုက်သည်၊ မြားသုံးချောင်းမှာ ကြယ်ကြွေသွားသည့်အလား ​အားပြင်းပြင်းတိုက်လာသောလေထုကိုခွင်းပြီး ပျံသန်းသွားကြသည်။

မြို့ထဲတွင် သူ့ကို အလစ်ချောင်းပြီး ဖမ်းဆီးဖို့စောင့်နေကြသောလူများရှိမှန်း သိနေပေမင့် ထိုလူဆိုးက ရှောင်တိမ်းခြင်းမပြုသည့်အပြင် ဟားဟားဟားဟု လှောင်ရယ်လိုက်သေး၏။ လေဟာပြင်တွင် ရှိနေပြီးသားကို ထပ်ပြီး နောက်တစ်ကျန့် မြင့်အောင် ခုန်လိုက်ကာ ချွန်မြသောမြားဦးထိပ်ကို ကပ်သီးလေး ရှောင်တိမ်းနိုင်ခဲ့သည်။

ထိုအခြင်းအရာကို မြင်တော့ ချူယွမ် အတော်အံ့ဩသွားသည်။ သူကိုယ်တိုင်က ထူးချွန်ပြောင်မြောက်လှစွာသော ကိုယ်ဖော့ပညာများကို မြင်ဖူးတွေ့ဖူးသည်ဟု​ေပြာနိုင်သည်၊ သို့သော်လည်း ယခုလိုမျိုး ပြင်ပဝတ္ထုပေါ် မှီကိုးခြင်းမပြုရပါဘဲ လေထဲမှာပင် နောက်တစ်ဆင့်မြင့်အောင် ခုန်တက်နိုင်သည်ကိုတော့ မတွေ့ဖူးပေ။

ထို့နောက် တစ်ဖက်လူက လုံးဝန်းမည်းနက်သောသဏ္ဍာန်ရှိသည့် အလုံးများကို မိုးပေါ်မှ လွှတ်ချလိုက်ကာ ဘေးနားတစ်ဝိုက်ရှိ အိမ်ခြေများပေါ် ဖျက်ဆီးရန် တာဆူနေသည်။ ရှန်ချန်းဖုန်းလည်း တွေးတောချင့်ချိန်နေချိန်မရတော့ဘဲ ကျွမ်းထိုးလိုက်ကာ ထိုဗုံးများကို ဓားပျံများဖြင့် ဖောက်ခွင်းပစ်လိုက်၏။ ထို့အခါ ပေါက်ကွဲသွားသောအသံကြောင့် တစ်မြို့လုံး ပဲ့တင်တုန်ခါသွားသည့်အပြင် တောင်တန်းများဆီထိပါ အကြိမ်ကြိမ်အခါခါ ပြန်လည်ပဲ့တင်ရိုက်ကာ တုန်ခါသွား၏။ လူသူအများက အင်မတန်ကိုမှ ခြောက်ခြားတုန်လှုပ်သွားကြကာ တစ်ယောက်နှင့်တစ်ယောက် လုံးနေအောင် ဖက်တွယ်ထားကြပြီး စောင်ပုံအောက်မှပင် ခေါင်းမဖော်ရဲကြတော့။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now