အခန်း - ၂၅ (ကွေလိုင်စံအိမ်)

15.4K 2.3K 148
                                    

Unicode version :

[တဟုန်းဟုန်းလောင်မြိုက်နေသော မီးတောက်]

ညဥ့်နက်နေပြီဖြစ်၏။

သွမ့်ပိုင်ယွဲ့တစ်ယောက် သလွန်ထက် ခြေထောက်ချိတ်ရင်း လဲလျောင်းကာ အပေါ်ရှိ မျက်နှာကျက်ကိုသာ ငေးမောကြည့်ရင်း အတွေးထဲလွင့်မျောနေလျက်ရှိသည်။ အခန်းအပြင်ဘက်မှာတော့ ချောင်တစ်ခုထဲ ပုန်းပြီး အိပ်စက်နေလျက်ရှိသော ဧရာမပင့်ကူကြီးတစ်ကောင်။ ဘာအပြစ်မှလုပ်မထားသော၊ လွန်စွာမှ အပြစ်ကင်းသော ပင့်ကူကြီးတစ်ကောင်။

ဘေးခန်း၌ရှိသော ချူယွမ်လည်း အိပ်၍မပျော်ဘဲ ဟိုဘက်ဒီဘက်လှိမ့်ကာနေ၏။ထို့ကြောင့် အပျင်းပြေလိုပြေငြား စာအုပ်တစ်အုပ်ကို ဖတ်ရန် လှမ်းယူလိုက်သည်။

ရှစ်ဇီ မုန့်သွား၀ယ်ရန် အပြင်ထွက်သွားပြီးနောက် အပြန်လမ်းမှ ရလာသောစာအုပ်ဖြစ်ကာ ရှီးနန်၀မ်၏ လျှို့၀ှက်အတ္ထုပ္ပတ္တိစာအုပ်ဟုဆို၏။ လူတိုင်းနှစ်သက်ကြပြီး ဖတ်ပျော်လွန်းသောကြောင့် တစ်အုပ်၀ယ်ဖတ်နိုင်ဖို့အရေး အကြာကြီးတန်းစီပြီးစောင့်ဆိုင်းရသည်ဟုလည်းဆိုသည်။

ပထမစာမျက်နှာကို ဖွင့်ကြည့်လိုက်တော့ ပန်းချီပုံအကြီးကြီးတစ်ခု ရေးဆွဲထားကာ
ထိုပုံထဲက ရှီးနန်၀မ်မှာ အဆိပ်ရှိအကောင်ဗလောင်များစွာတို့၏ အသိုက်အိမ်ကြီးဟုပင် ထင်ချင်စဖွယ်။ ပင့်ကူသာမက အဆိပ်ရှိသော မြွေမျိုးစုံ နှင့် အခြားအဆိပ်ရှိ ပိုးကောင်များမှန်သမျှ အမျိုးအစားစုံလင်စွာ ထည့်သွင်း ရေးဆွဲထားကြသည်။ ထိုမျှသာမက သွမ့်ပိုင်ယွဲ့မှာ ကင်းမြီးကောက်တို့၏ဘုရင်ဟူ၍ပါ တင်စားခံရသေး၏။ကိုယ်ခန္ဓာအထက်ပိုင်းတစ်ခုလုံး လှစ်ဟထားပြီး ခက်ထန်ကြမ်းတမ်းသော အရိုင်းအစိုင်း မျက်နှာထားဖြင့် သိုးသူငယ်ခြေထောက်တစ်ဖက်ကိုပါ ဆွဲဖြဲကိုက်စားနေသည့် ပုံကြီးပင်။

ထို့နောက် မကြာခင်မှာပင် ဘုန်းခနဲမြည်သွားသော စာအုပ်ပိတ်သံကြီးထွက်လာလေသည်။ ဤကဲ့သို့ အကျိုးမရှိသော မဟုတ်တရုတ် ပုံပြင်များကို ဖတ်ရှုမည့်အစား ဖတ်သင့်ဖတ်ထိုက်သည်များကို ဖတ်ကြရန် တိုင်းသူပြည်သားများအား ချူယွမ် အမိန့်ထုတ်ပြန်ပေးရပေဦးမည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now