အခန်း - ၁၁၆ (တွေ့ဆုံခြင်း)

11.3K 1.9K 589
                                    

[ရှောင်ဝမ်ရယ်နှင့် မင်းသား(၉)]

တိတ်ဆိတ်သောညချမ်းဝယ်။

ရှစ်ဇီကုန်းကုန်းက ခန်းမဆောင်အပြင်ဘက်တွင်ထိုင်ကာ လမင်းကြီးကို အေးချမ်းစွာ မော့ကြည့်နေ၏။ ထို့အပြင် သိုင်းကွက်အချို့လေ့ကျင့်ကာ အချိန်ကုန်ဆုံးစေသည်။ ခဏလောက်ကြာသည်အထိ အရှင်မင်းမြတ်သာ အမှုကိစ္စဆောင်ရွက်စရာ ခိုင်းစေမလာခဲ့လျှင် သူလည်းအနားသွားယူတော့မည်ဖြစ်၏။

****

"တကယ်ကို ယောင်ရမ်းနေတာပဲ၊ နာနေသေးလား"

ရေစည်ပိုင်းထဲ ထိုင်နေသော သွမ့်ပိုင်ယွဲ့က ချူယွမ့်လက်ကိုကိုင်ရင်း ဆိုလာ၏။

"မနက်ဖြန်ကျ အ​ေရာင်တွေမသမ်းပါစေနဲ့"

"အင်း"

"ကိုယ် အဝတ်လျှော်သစ်သားပြားပေါ် ဒူးသွားထောက်လိုက်ရမလား၊ ဒါမှမဟုတ် တာ့လီတရားရုံးက သံမှိုပြားတွေပေါ် ဒူးသွားထောက်လိုက်ရမလား"

သွမ့်ပိုင်ယွဲ့က အလိုက်တသိ မေးလာသည်။

"အ​ပြောတွေ ချိုနေပြန်ပြီ"

ချူယွမ်က ပြောပြောဆိုဆို လက်ကိုပြန်ရုတ်လိုက်ကာ သွမ့်ပိုင်ယွဲ့ကို ရေဖြင့်လှမ်းပက်လိုက်သည်။

"နောက်ဆို မင်းနဲ့ သိုင်းမချတော့ဘူး။ နိုင်နိုင်ရှုံးရှုံး ကိုယ်ကချည်း ရင်နာနေရတယ်"

ချူယွမ်က သူ့ရင်ခွင်ထဲတိုးဝှေ့လာပြီး သွမ့်ပိုင်ယွဲ့ပခုံးပေါ် မေးလေးတင်လိုက်သည်။

"သလွန်တော်ပေါ် သွားရအောင်ပါ"

"ဟင်?"

သွမ့်ပိုင်ယွဲ့လက်များက ချူယွမ့်ကျောပြင်အား ပွတ်သပ်ချော့မြှူပေးနေလျက်။

"ဒီည မင်း ကိုယ်တော့်ကို ပြုစုပေးရမယ်၊ ဒါ မင်းပေးဆပ်ရမယ့် အပြစ်ကြွေးပဲ"

ချူယွမ်က သွမ့်ပိုင်ယွဲ့လည်တိုင်ကို လှမ်းကိုက်လိုက်ပြီး နွေးတေးတေးနှာထိပ်ဖျားလေးဖြင့် လိုက်လံနမ်းရှိုက်လိုက်၏။

သွမ့်ပိုင်ယွဲ့လည်း ချူယွမ့်ကို ပွေ့ချီလိုက်ကာ ရေစည်ပိုင်းထဲမှ ပြန်ထွက်လာသည်။ ဘေးနားတွင် ချိတ်ထားသော ဝတ်ရုံကိုလှမ်းယူကာ ကိုယ်လုံးကို ရစ်ပတ်ပေးလိုက်ပြီး သလွန်ပေါ်ချကာ အုပ်မိုးထားလိုက်၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now