အခန်း - ၁၂၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)

9.1K 1.5K 271
                                    

[လက်ဆောင်အဖြစ် ယူလာရဲသေးတယ်]

ရေပူစမ်းနန်းဆောင်က အသစ်တစ်ဖန်ပြန်လည်မွမ်းမံထားသဖြင့် ယခင်ကထက်ပိုပြီး လှပခမ်းနားလာ၏။ အမှုထမ်းငယ်များနှင့် မိန်းမစိုးများလည်း ရှောင်ထွက်သွားပေးသည်မှာ ကြာလှပေပြီ။ သွမ့်ပိုင်ယွဲ့က ချူယွမ်အား ရင်ခွင်နှင့်တစ်သားတည်းအပ်အောင် ဖက်ထားလိုက်ရင်း မေးလာ၏။

"ဒီနေရာကို ပြန်ပြီးမွမ်းမံလိုက်တာလား"

ချူယွမ်က အပေါ်ဘက်ကို မော့ကြည့်လိုက်ကာ ဖြေလာသည်။

"အင်း၊ အဘိုးမုချီလက်ရာလေ။ ရေပူစမ်းနန်းဆောင်ရဲ့ ခေါင်မိုးကို သူကိုယ်တိုင် ပြန်ပြင်ပေးထားတာ။ တစ်အချက်က ရေနွေးငွေ့တွေကို အပြင်ထုတ်ပစ်ဖို့၊ နှစ်အချက်ကတော့ ကြယ်တာရာရဲ့အလင်းရောင်တွေ ဖြာကျလာနိုင်အောင်လို့"

"ထွင်းထုထားတဲ့ ပန်းပုလက်ရာတွေက လှတာတော့လှတယ်။ ဒါပေမယ့် မိုးရွာချလိုက်ရင် ဘယ်နှယ့်လုပ်မလဲ"

"အဲ့ဒါကြောင့်ပြောတာ၊ မင်းမှာ အလှအပခံစားတတ်တဲ့စိတ်ကို မရှိတာပါဆို "

ချူယွမ်က သူ့ရင်ခွင်ထဲ မှီလိုက်ကာ လက်ချောင်းများကလည်း သွမ့်ပိုင်ယွဲ့ဆံနွယ်များကို ဆော့ကစားရင်း ဆက်ပြောလာ၏။

"သူများတွေသာဆို ဒီလိုမျိုးသီးသန့်နားနေချိန်လေးများရရင် လေပြည်သွေးသံလေး နားထောင်နေမှာ၊ ရေပူစမ်းရဲ့မျက်နှာပြင်ပေါ် မိုးရေစက်လေးတွေ ရိုက်ခတ်သွားလို့ လှိုင်းဂယက်လေးတွေ ဖြစ်သွားတာကို ရှုစားနေမှာ၊ သေရည်လေးသောက်ရင်း ရတုလင်္ကာတွေ စပ်ဆိုနေမှာ၊ စိတ်ထဲ မျှော်မှန်းတောင့်တကြတဲ့အတိုင်း တစ်ထပ်တည်းကျတဲ့ အလှတရားထဲ နစ်မြှုပ်မွေ့လျော်နေကြမှာ။ မင်းကျတော့ မိုးရေတွေ ယိုကျလာရင် ဘယ်နှယ့်လုပ်မလဲလို့ တွေးနေတာပေါ့၊ ဟုတ်လား"

"....."

လူသတ်သမားတွေပါ ရှိနေရင်ကောလို့။

ချူယွမ်၏လက်နှစ်ဖက်က သူ့လည်တိုင်အား ဖက်တွယ်ခိုစီးလာပြီး တိုးတိုးဖွဖွ နှစ်သိမ့်စကားဆိုလာ၏။

"ဒါပေမယ့် ဘာမှမဖြစ်ပါဘူးလေ၊ ကိုယ်တော် မင်းကို မငြိုငြင်ရက်ပါဘူး"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now