အခန်း - ၉၅ - အဆက် ( ခရမ်းစွဲ ကျောက်စိမ်းနဂါး)

12.1K 2.3K 453
                                    

နောက်တစ်နေ့ မနက်စောစောတွင်ဖြစ်သည်။

ရှန်ချန်းဖုန်းက အပြေးအလွှား ရောက်လာကာ ချူယွမ်ဆီ အခစားဝင်ရန် တောင်းဆိုလာ၏။ သို့သော် ရှစ်ဇီ၏ ငြင်းဆိုနှင်လွှတ်ခြင်းကို ခံလိုက်ရပေသည်။

"ကုန်းကုန်း၊ ကျွန်တော် တကယ်အရေးကြီးတဲ့ကိစ္စ လျှောက်တင်စရာရှိလို့ပါ"

"အရေးကြီးကိစ္စဖြစ်လည်း မရပါဘူးခင်ဗျာ။ အရှင်မင်းမြတ်ရဲ့ ရွှေနဂါးခန္ဓာတော်က  တကယ်ချည့်နဲ့အားနည်းနေတာမို့ အနှောင့်အယှက်လုံးဝပေးလို့မဖြစ်ပါဘူး ။ မျက်ခုံးကိုမီးဟပ်လောက်တဲ့အထိ သေရေးရှင်ရေးနီးနီးအရေးကြီးတဲ့ကိစ္စမျိုးမှ ခွင့်ပြုပေးနိုင်မှာပါ"

"....."

တကယ်ပြန်တွေးကြည့်တော့ ရှန်ချန်းဖန်းလည်း ဝေခွဲမရဖြစ်ဆဲ ။ သူကိုယ်တိုင်ကလည်း ဤကိစ္စကို တကယ်အရေးကြီးသလား၊ မကြီးသလားဆိုသည်ကို သေချာမပြောတတ်။

"စစ်သူကြီးရှန်ရဲ့ပုံစံကို ကြည့်ရသလောက်တော့ အဲ့လောက်အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ဘူးထင်တယ်နော့။ မွန်းလွဲပိုင်းကျမှ နောက်တစ်ခေါက် ထပ်လာလိုက်ပါလား "

ရှစ်ဇီက စေတနာအရင်းခံဖြင့် ပြောလာသည်။

"ဟုတ်ပါပြီ။ ဒါနဲ့ ကုန်းကုန်း.... အရှင်မင်းမြတ်က နာမကျန်းဖြစ်တော်မူပြန်ပြီတဲ့လား"

"ဟုတ်ပါတယ်ခင်ဗျာ"

"တပ်မတော်နဲ့အတူ လိုက်ပါလာတဲ့ တော်ဝင်သမားတော်တွေရော အရှင့်ကို လာကြည့်ပြီးသွားပြီလား"

"ကြည့်ပြီးပါပြီခင်ဗျာ ၊ ကြည့်ပြီးသွားပါပြီ။ စစ်သူကြီးမင်းသာ အမြန်ပြန်လိုက်ပါတော့။ ဒီဘက်မှာ အရှင်မင်းမြတ်ကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်တော်မျိုးရဲ့တာဝန်ထားလိုက်ပါနော့်၊ စိတ်မပူလိုက်ပါနဲ့"

"အင်း၊ ဒါဆိုလည်း ကုန်းကုန်းကိုပဲ အားကိုးလိုက်ပါ့မယ်"

ရှန်ချန်းဖန်းလည်း ရှစ်ဇီအား နှုတ်ဆက်ကာ ထွက်ခွာသွား၏။

******

နွေးထွေးသောနေခြည်တန်းများက အပြင်ဘက်ရှိ လောကဓာတ်တစ်ခွင်အား ရစ်သိုင်းလွှမ်းခြုံထားလျက်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now