အခန်း - ၁၀၁ (ငြိမ်းချမ်းသော ညတစ်ည)

12.1K 2.4K 443
                                    

[ဒီအတိုင်းလေးဆိုရင်ကိုပဲ အတော်ကောင်းနေပါပြီ]

"အဲဒီလူက ဘယ်လိုရုပ်မျိုးရှိမှန်း မင်း မှတ်မိသေးလား"

ရှန်ချန်းဖန်းက မေးလာတော့ လီ့ချွေက ခေါင်းညိတ်ပြ၏။

ရှန်ချန်းဖန်းလည်း လက်အောက်ငယ်သားများကိုခေါ်လိုက်ကာ တာ့ခွန်းမြို့တွင်းရှိ ပန်းချီဆရာတစ်ယောက်ယောက်ကို အမြန်အခေါ်တော်လွှတ်လိုက်သည်။

*****

"ဒီညနေ အပြင်ဘက် လမ်းလျှောက်ထွက်ချင်လား"

သွမ့်ပိုင်ယွဲ့ မေးလာတော့ ချူယွမ်က -

"အခု မြို့ထဲမှာ အရမ်းကို လူပြတ်နေတာ။ အပြင်သွားလိုက်ရင်တောင် မီးအိမ်တစ်အိမ်မှ မမြင်ရမှာစိုးတယ်၊ ဘာလို့ အပြင်ထွက်သွားရမှာတုန်း"

"စိတ်အပန်းဖြေဖို့ပေါ့"

သွမ့်ပိုင်ယွဲ့က ဆက်ဆို၏။

"အပြင်မှာ ကြည့်စရာရှုခင်းရှိရှိ မရှိရှိ ဘာလို့မှုရမှာလဲ။ အခန်းအောင်းတာများပြီး မင်း ပျင်းနေမှာစိုးတာ၊ ကိုယ်က "

ချူယွမ်က ကျောက်သားထိုင်ခုံပေါ် ထိုင်လိုက်ကာ ညည်းညူလာ၏။

"ဘာဆိုဘာမှ မလုပ်ချင်တော့ဘူး။ ပင်ပန်းတယ်......"

"အဲ့ဒါ မင်းစိတ်တွေ ပင်ပန်းနေလို့လေ"

သွမ့်ပိုင်ယွဲ့က ချုယွမ်အနောက်မှနေကာ နားထင်အား နှိပ်နယ်ပေးလာရင်း ဆက်ဆို၏။

"လီ့ချွေကိစ္စကို ကိုယ့်တာဝန်ထား။ မင်းကတော့ တိုင်းပြည်ရေးရာတွေကို စိတ်အေးလက်အေး ဖြေရှင်းနိုင်ဖို့ အင်အားတွေ ​ချွေတာထား ၊ ဟုတ်ပြီလား"

ချူယွမ်က နောက်သို့အသာမှီကာ သွမ့်ပိုင်ယွဲ့ရင်ခွင်ထက် မှီခိုလိုက်သည်။ ထို့နောက် မျက်ဝန်းလွှာများကို မှေးစက်လိုက်ကာ နေခြည်နွေးနွေးအား ခံယူနေ၏။

သွမ့်ပိုင်ယွဲ့က ဆက်မေးလာသည်။

"ပိုင်ဝုကျွန်းနဲ့ စစ်တိုက်ပြီးသွားရင် ၊ ချူရှိန့်နဲ့ ဘယ်တော့ စစ်ကြေညာမှာလဲ "

"ဒီစစ်ပွဲပြီးတာနဲ့ တာ့ချူရဲ့ ရေကြောင်းတပ်မတော်ကို ပြန်လည် ဖွဲ့စည်းရမယ်။ အနည်းဆုံးတစ်နှစ်လောက် ခဏနားပြီးမှ တပ်သားတွေကို အားသစ်လောင်းရ၊ လေ့ကျင့်ပေးရမယ်။ ပြီးမှ တောင်ဘက်ကိုစုန်ဆင်းပြီး ဖေးမျ​ဲန်ပြည်ရဲ့ ရှင်းကျိုးကျွန်းကို အရင်တိုက်ကြတာပေါ့"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now