အခန်း - ၁၀၆ (ရွှေမြို့တော်၏ ညစျေးတန်း)

11.1K 2.1K 564
                                    

[ကိုယ့်ဇနီးကို ကိုယ့်ဘာသာကိုယ် လိုက်ရှာပေါ့]

"ပိုင်ရှန့်ပြည်ဟုတ်လား။ အဘိုးက ပိုင်ရှန့်ပြည်နဲ့ ရန်ငြိုးရန်စ ရှိတယ်လား"

ချူယွမ် အတော်အံ့ဩသွားသည်။

"ပိုင်ရှန့်ပြည်ကြီးနဲ့တော့ မဟုတ်ပါဘူးဘုရား။ အရောင်းအဝယ် အဆင်မပြေကြတော့ ရန်ဖြစ်ကြရုံတင်။ အရှင်မင်းမြတ် သိမှာတော့မဟုတ်ပါဘူး၊ တကယ်တမ်းတော့ ပိုင်ရှန့်ပြည်ခေါင်းဆောင်က သွေးအေးပြီးရက်စက်တဲ့လူမှန်း ကျော်ဇောပါတယ်။ သူ့ဆီမှာ လှှျို့ဝှက်အကြံဆိုးတွေရှိရှိ မရှိရှိ ၊ အစကတည်းက သူ့ကိုရင်ဆိုင်ဖို့ နည်းလမ်းတွေ ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်ဘုရား"

"ပိုင်ရှန့်ပြည်ခေါင်းဆောင်က သွေးအေးပြီးရက်စက်တယ်လား။ အဘိုး ဒီအကြောင်းကို ဘယ်ကနေသိလာတာလဲ၊ ဒါမှမဟုတ် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးတာလား"

"မမြင်ဖူးပါဘူးဘုရား။ ဒါပေမယ့် ကျွန်တော်မျိုးဆီ လွှတ်လိုက်တဲ့ လူသတ်သမားတွေဆို တစ်ယောက်ချင်းစီက ကြမ်းတမ်းလိုက်တာမှ ဗုံးတွေကို စားသောက်မျိုဆို့ထားသလားအောက်မေ့ရတယ်။ နည်းနည်းလောက် စကားပြောတာ အဆင်မချောရင် ဆဲဆိုကြိမ်းမောင်းပြီး ခုတ်သတ်ပစ်တာ ။ ကျွန်တော်မျိုး အပြေးမြန်လို့သာ တော်သေးတာပေါ့။ ပြီးတော့ လက်ဖက်ရွက်ပိုင်ရှင်ကလည်း လာကယ်ထားလို့သာ ၊ နို့မို့ဆို အဖမ်းခံသွားရတာကြာပြီ"

ချူယွမ်က ထပ်မေးလာ၏။

"တစ်ခုလောက်ထပ်မေးလို့ရသေးလား။ တစ်ဖက်လူက အဘိုးနဲ့ ဘာကိစ္စအတွက် အရောင်းအဝယ်လုပ်ချင်ကြတာလဲ"

"အစတုန်းကလည်း သူတို့က ဘာမှ သိပ်ထုတ်မပြောချင်ဘူး၊ ဒါပေမယ့် ကျွန်တော်မျိုးက မရမကမေးမယ့်ပုံဆိုတော့ ပရိဘောဂတစ်ချို့ ထိုင်ခုံတွေ ဗီရိုတွေ လုပ်ခိုင်းဖို့လို့ပဲ ဖြေပါတယ်ဘုရား။ ဒါပေမယ့် ဘယ်သူကမှ အဲ့လောက်တုံးအမနေဘူးလေ၊ အဲ့ပစ္စည်းတွေလောက်ပဲလိုချင်တယ်ဆိုရင် တာ့ယန့်မြို့သားတွေအားလုံး လူတိုင်းမကျန် လုပ်တတ်တယ်၊ လက်ရာလည်းကောင်းတယ်။ ခုတော့ကျွန်တော်မျိုးကိုချည်း ဖိအားပေးလာတယ် ၊ တခြားလူဆီ ဘယ်လိုပဲ ညွှန်းညွှန်း မရဘူး။ ဘယ်လိုပဲဖြစ်နေနေ ကျွန်တော်မျိုးကို နန်ယန်ထိ အပါခေါ်သွားမယ်လုပ်နေတော့ ဘယ်ကောင်ကများ သူတို့စကားကို နားထောင်မှာလဲဘုရား  "

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now