အခန်း - ၂၂ (လျှို့၀ှက်​ဥမင်)

15.1K 2.5K 245
                                    

Unicode version

[ဒီပညာရပ်က ဘယ်ရောဂါကိုမဆို ကုသပေးနိုင်တယ်]

၀ူမျိုးရိုး၏ မြည်းလှည်းရောင်းသည့်ဆိုင်တွင် ကုန်ပစ္စည်းလာရောက်မေးမြန်းကြသူများ ၊ရောင်း၀ယ်ဖောက်ကားနေကြသူများ စည်ကားသိုက်မြိုက်နေကြလေရာ အပြင်ပန်းမှ ကြည့်ရုံမျှနှင့် စီးပွားရေးလုပ်ငန်း လွန်စွာဖွံ့ဖြိုးမှန်းသိနိုင်ပေသည်။

ချူယွမ်က ဆိုင်နာမည်ရေးထားသောသစ်သားပြားကို အ​ေ၀းတစ်နေရာမှ ကြည့်နေပြီး၊ ထို့နောက် ဆိုင်ထဲသွားမည်အပြု သွမ့်ပိုင်ယွဲ့က သူ့အား ဆွဲခေါ်ထားလေသည်။

"ဘာလို့တုန်း"

"ကုန်သည်အငယ်လေးတစ်ယောက်လို ရုပ်ဖျက်ထားတာပဲ၊ ကိုယ်ဟန်အနေအထားအသွားအလာတွေက ရုပ်ဖျက်ထားတာနဲ့လိုက်အောင် နေရမှာလေ"

သွမ့်ပိုင်ယွဲ့က ဆက်ပြီးသတိပေးလာ၏။

"ဒီလိုမျိုး ၀င့်ကြွားထည်၀ါတဲ့ ဟိတ်ဟန်နဲ့လျှောက်သွားနေပုံကြီးက ခုရုပ်ရည်နဲ့ လုံး၀
မလိုက်ဘူး"

"ဒါဆို ဘယ်လိုလျှောက်ရမှာလဲ"

"ဒီမှာ သွားလာနေတဲ့ အရပ်သူအရပ်သားတွေနဲ့ တူအောင် လိုက်လုပ်ရင်ရပြီ"

ချူယွမ် - "......."

သူလမ်းလျှောက်ပုံက တခြားလူတွေနှင့် မည်သို့ ကွဲပြားနေမှန်း ချူယွမ် သတိမထားမိ။ သွမ့်ပိုင်ယွဲ့က ပြုံးလိုက်ရင်း ခေါင်းခါလိုက်ကာ ချူယွမ်၏ မတ်နေသောခါးကို အနည်းငယ်ကုန်းနေအောင် ပြုပြင်ပေးလိုက်သည်။

"ဒီလိုမျိုး....နည်းနည်း ကုပ်ကုပ်လေးနေလိုက်ရင် အဆင်ပြေတယ်"

"အဲ့လောက်လွယ်တယ်လား"

သွမ့်ပိုင်ယွဲ့က ခေါင်းညိတ်ပြလိုက်ကာ နှစ်ယောက်သားအတူတကွ ဆိုင်ထဲ၀င်လာခဲ့လေသည်။

ဆိုင်အကူ၀န်ထမ်းမှာ အင်မတန်အလုပ်များနေကာ အသစ်၀င်ရောက်လာသော ဧည့်သည်နှစ်ဦးကို လာပြီးနှုတ်ဆက်ဖို့ရန် အချိန်ပင်မရ၊ အ​ေ၀းမှသာ လှမ်း၍ နှုတ်ဆက်နိုင်၏။

"လူကြီးမင်းတို့ စိတ်တိုင်းကျ ကုန်ပစ္စည်းတွေ ကြည့်လှည့်ပါ။ ကျွန်တော်မျိုးအားတာနဲ့ ချက်ချင်း လာခဲ့ပါ့မယ်ခင်ဗျာ"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now