အခန်း - ၇၂ (အပြန်ခရီး)

9.6K 2.1K 245
                                    

[ဘယ်သူက ဘယ်သူ့ကို စိတ်ပိုတိုအောင်လုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့]

တောင်နောက်ရှိ ရေခဲဂူဗိမာန်တွင်ဖြစ်သည်။

သွမ့်ယောင်က ညဥ့်ပုလဲလုံးကို လက်ထဲကိုင်ထားပြီး ကျောက်သားပေါ် ထွင်းထုထားသော ဗောဓိစိတ္တသိုင်းကျင့်စဥ်ကို စိတ်ဝင်တစားဖတ်ရှုနေ၏။

"ဗောဓိစိတ္တသိုင်းဆိုတာ ဒါကြီးလား၊ နောင်တော်"

"အင်း"

"အာ....နောင်တော့်ကို ရွှမ်မင်ဟန်ထျဲယ်ဓားပေးလိုက်တာ ဒါကြောင့်ကိုး"

အကြမ်းကြုတ်ဆုံးသော မှော်နက်သိဒ္ဓိကိန်းဝပ်ရာ မိစ္ဆာဓား ။

အဆုံးစွန်သော အဆိပ်အတောက်တို့ ကိန်းခိုလာစေသော သိုင်းကျင့်စဥ်။

ဒီနှစ်ခုကို ပေါင်းစပ်ဒွန်တွဲပေးလိုက်တော့ မိမိနောင်တော်၏သိဒ္ဓိစွမ်းအင် ပြန်လည်တည်ဆောက်ရာတွင် အင်မတန်မှ ခရီးပေါက်နေသည်မှာ မဆန်းတော့။

ဤဓားတုံးတုံးကြီးမှာ အဘယ်ကြောင့်များ သိုင်းလောကအနှံ့ ထင်ရှားကျော်ကြားနေရသနည်းဟု သွမ့်ယောင်တွေးမိသေး၏။ တစ်ချိန်ချိန်မှာများ အခြားပုံစံတစ်မျိုးသို့ပြောင်းသွားလေမလားဟု တွေးဖူးသေး၏။

တကယ်တမ်းတော့ ထိုဓားမှာ ခပ်တုံးတုံးဓားတစ်ချောင်းပဲဖြစ်နေနေ ၊ ထက်မြက်လှသောမိစ္ဆာဓားကြီးပဲဖြစ်ဖြစ် အခရာကျသူမှာ ပိုင်ရှင်ဖြစ်သူသာဖြစ်ကြောင်း သွမ့်ယောင် အခုမှ နားလည်တော့သည်။

"ချမ်းနေလား"

သွမ့်ပိုင်ယွဲ့က ညီဖြစ်သူအား မေးလာ၏။

"ရပါတယ်။ ငယ်ငယ်တုန်းကဆို ကျွန်တော် ဒီထဲကို အရမ်းလာချင်ခဲ့တာလေ၊ ဒါပေမယ့် ရှစ်ဖူးက လုံးဝပေးမဝင်ဘူး"

သွမ့်ပိုင်ယွဲ့ကပြုံးလိုက်ကာ ကျောက်သားနံရံအားမှီရင်း အတွေးထဲနစ်မျောနေ၏။

"နည်းနည်းလေးတောင် ထွက်မတွေ့တော့ဘူးလား"

သွမ့်ပိုင်ယွဲ့က ခေါင်းခါပြ၏။

အစ်ကိုဖြစ်သူကိုကြည့်ပြီး သွမ့်ယောင် ဘာဆက်ပြောရမှန်းမသိတော့။ သို့သော် ရုတ်တရက်ဆိုသလို ကျောက်သားတံခါးကြီးက ပွင့်လာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now