အခန်း - ၇၄ (သဘောတူညီချက် ပြုလုပ်ခြင်း)

10K 2.1K 188
                                    

[ငါ့နောင်တော်ကပဲ အကောင်းဆုံးကွ]

ရှီးနန်စံအိမ်တော်တွင်တော့ သွမ့်ယောင်က နန်မော်ယဲ့နှင့်အတူ မီးလှုံနေ၏။ ဝမ်ရယ် ပြန်ရောက်လာပြီဖြစ်ကြောင်း တပ်သားများ လာရောက်အကြောင်းကြားတော့ အတော်ပင် အံ့သြသွားကြသည်။

အနည်းဆုံးတော့ ရွှေမြို့တော်ထိ လိုက်ပို့ပြီးခါမှ ပြန်လာမည်ဟုထင်ထားသည်လေ၊ အဘယ်ကြောင့်များ ဤမျှထိ အမြန်ကြီးပြန်ရောက်လာသနည်း။

"ခဏစောင့်ပါဦးဟ"

သွမ့်ယောင်ကို နန်မော်ယဲ့ အမြန်လှမ်းဆွဲထားလိုက်ကာ ဆက်ဆို၏။

"ဒီမတိုင်ခင် ရှစ်ဖူး မင်းကိုမှာထားတဲ့ကိစ္စကို မှတ်မိသေးလား"

သွမ့်ယောင်က ခေါင်းညိတ်လိုက်ကာ တည်ကြည်လေးနက်စွာ ပြန်ဖြေ၏။

"ဟုတ်ကဲ့၊ သေချာပေါက် မှတ်မိတာပေါ့။ နောင်တော် ဘာပဲပြောပြော နားထောင်ပေးလိုက်၊ ဟုတ်တယ်မလား"

မည်သို့ပင်ဆိုစေ ၊ ချစ်ရသောသူနှင့် လမ်းခွဲရတော့ နှလုံးသားတစ်ခုလုံး ဆွေးမြေ့လောင်ကျွမ်းနေလောက်ပြီ။ ယခုလိုအချိန်မျိုးမှာ မိသားစုဘက်ကလည်း အလိုက်တသိနှင့် အကြွင်းမဲ့သောမေတ္တာထုဖြင့် လုံခြုံနွေးထွေးအောင် လွှမ်းခြုံရစ်စေမည်။နောင်တော်ကြီးက ရူးသွပ်စွာပေါက်ကွဲပြီး သူ့အား ထိုးနှက်လာလျှင်တောင် သူ စိတ်မဆိုးပါပေ။

နန်မော်ယဲ့က တပည့်အငယ်ဖြစ်သူ၏ ခေါင်းကို ခပ်ဖွဖွပွတ်သပ်ရင်း ချီးကျူးလာ၏။

"တကယ်လိမ္မာတဲ့ ငါ့တပည့်လေး။ ဒီကိစ္စတွေ ရှင်းပြီးသွားတာနဲ့ ရှစ်ဖူး မင်းကို အပျော်မယ်အိမ် လိုက်ပို့ပေးမယ်"

သွမ့်ယောင်လည်း မကြားချင်ယောင်ဆောင်ကာ ဆရာဖြစ်သူအား ကွေ့ဝိုက်ရှောင်တိမ်းပြီး ထွက်သွားတော့သည်။

သွမ့်ယောင် ရှစ်နှစ်သားအရွယ်ကတည်းက ဒီအရွယ်ရောက်သည်အထိ ဒီစကားကိုပဲ ဇွဲရှိရှိနှင့် ထပ်တလဲလဲပြောနေဖို့ဆိုသည်မှာလည်း သိပ်တော့မလွယ်လှပေ။  အကယ်၍များ သိုင်းလောက၏နောက်ဆုံးရသတင်းများထဲ မည်သူက မည်သည့်နယ်ပယ်၌ ပထမဟု ​အဆင့်များသတ်မှတ်လာလျှင် မိမိ၏ဆရာမှာ အပျော်မယ်အိမ်တွင်ခြေအရှုပ်တတ်ဆုံးဟူသောနေရာတွင် ပထမချိတ်ပေလိမ့်မည်။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now