အခန်း - ၈၈ (ပေါက်ကရ လျှောက်မပြောနဲ့)

12.8K 2.2K 302
                                    

[ မင်းက တာ့ချူရဲ့ ကောင်းကင်သားတော်ကို အပြစ်တင်ရဲတယ်ပေါ့ ]

"ကပ်ရောဂါ?"

ချူယွမ် မျက်နှာမဲ့သွားသည်။

"အင်း၊ ဒါက ခုလောလောဆယ်မှာ အဖြစ်နိုင်ဆုံးအဖြေပဲ။ သင်္ဘောပေါ်မှာ အဖိုးတန်ပစ္စည်းတွေ ရွှေငွေရတနာတွေ ပျောက်နေတဲ့ပုံစံမျိုးမရှိဘူး၊ ခိုးသားဓားပြတွေ လာပြီးလုယက်လို့ အသတ်ခံခဲ့ရတာမျိုးလည်း မဟုတ်ဘူး။ ဒါပေမယ့် လူအစုအပြုံလိုက်ကြီးကို အချိန်မဆိုင်းဘဲ တစ်ခါတည်း အသေသတ်နိုင်တယ်ကတည်းက သာမန်ရောဂါဆိုးတစ်ခု မဖြစ်နိုင်လောက်ဘူး။ နောက်နှစ်ရက်လောက်နေလို့မှ တံငါလှေတွေ လာတွေ့သွားရင် နောက်ဆက်တွဲဆိုးကျိုးက မတွေးရဲစရာပဲ"

"မင်းကရော...."

"ဗောဓိစိတ္တသိုင်းကျင့်ပြီးသွားရင် ဖျားတာနာတာမျိုးမရှိတော့ဘူး ၊ ကိုးဆယ့်ခြောက်ပါး ရောဂါတွေလည်း ကိုယ့်ကိုဆို ဘာမှမထိခိုက်စေနိုင်တော့ဘူး။ အခုတော့ လက်ထဲက ဆေးကိုသာ အရင်သောက်လိုက်၊ ပြီးရင် အမြန်ပြန်ပြီး ရေသွားချိုးတော့။ ဒီသင်္ဘောကိစ္စ ကိုယ်ကြည့်ရှင်းလိုက်မယ် ၊ ဟုတ်ပြီလား"

"မင်း.....ဘာမှမဖြစ်ဘူးဆိုတာ သေချာလား"

ချူယွမ် ခုထက်ထိ စိတ်မချနိုင်ပေ။

"ကိုယ်ကမှ မင်း တစ်ခုခုဖြစ်သွားမှာကို ​စိုးရိမ်နေတာလေ။ စောနကလည်း သဘောတူထားပြီးသားမဟုတ်လား၊ လှေပေါ်မှာပဲ စောင့်နေခဲ့မယ်ဆို။ ဘာလို့ ဒီသင်္ဘောပေါ်ထိ လိုက်တက်လာရတာလဲ"

"မင်း အဲ့သင်္ဘောပေါ်တက်သွားတာ တစ်နာရီတိတိ ကြာနေပြီ !!!!!!"

ဘာဆို ဘာမှ တုံ့ပြန်သံလည်း မကြား ။ ဘယ်က တစ္ဆေမကများ ဖမ်းစားလိုက်ပြီလဲလို့တောင် ထင်မိသွားတာ။

ချူယွမ် တကယ် ဒေါသထွက်သွားသည်။ သွမ့်ပိုင်ယွဲ့သည်ပင် ခေတ္တမျှ မှင်သက်သွားကာ ခဏကြာတော့မှ -

"သင်္ဘောက အတော်လေးကြီးတာကို...."

တစ်နေရာချင်းစီကို သေသေချာချာ နှံ့နှံ့စပ်စပ် လိုက်စစ်ကြည့်ရမှာလေကွာ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now