အခန်း - ၇၉ (ကျဲန့်ဂိုဏ်းမှ သခင်လေးနှစ်ယောက်)

9.1K 2K 144
                                    

[တာ့ချူမှ ဧည့်သည်တော်များ]

ထိုသူ ပြောပြလိုက်သလိုပင် ကျဲန့်ဂိုဏ်းမှ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားသည်မို့ အခြားဂိုဏ်းများက ဤအခြေအနေဆီမှ အကျိုးအမြတ် ရရှိနေကြသည်။ ကျင့်ချိန့်ဂိုဏ်းကလည်း တစ်ခုအပါအဝင်ပင်။ ရှေ့တံခါးဝတွင် ဧည့်သည်အဝင်အထွက်များပြားလွန်းနေသဖြင့် တံခါးဘောင်သည်ပင် မြေပြင်နှင့် တစ်သားတည်းဖြစ်တော့မည်။

အိမ်တော်ထိန်းဖြစ်ဟန်ရသောလူက ဧည့်သည်တစ်စုကို အိမ်တံခါးထိ ပြန်လာပို့ရင်း သွမ့်ပိုင်ယွဲ့နှင့် စစ်ကုန်းလွီ့တို့နှစ်ယောက်ကိုမြင်လိုက်တော့ ရွှင်လန်းစွာ ပြုံးပြလာကာ ဟန်ဘာသာစကားဖြင့် ပြောဆိုနှုတ်ဆက်လာ၏။ အပြောအဆို သိပ်မပြေပြစ်သေးပေမင့် ရှင်းရှင်းလင်းလင်းတော့ နားလည်နိုင်သည်။

"သခင်လေးတို့နှစ်ယောက်ကလည်း ကျွန်တော်မျိုးတို့ရဲ့ သခင်ကြီးနဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ ရောက်လာတာလားခင်ဗျ"

"ဟုတ်ပါတယ်"

စစ်ကုန်းလွီ့လည်း ပြုံးရွှင်စွာဖြေလိုက်၏။

"ဒါဆိုလည်း အထဲဝင်လာကြပါခင်ဗျာ..."

အိမ်တော်ထိန်းက သူတို့နှစ်ယောက်အား အိမ်ထဲသို့ခေါ်လာပြီး စကားစမြည်ပြော၏။

"ဝတ်စားထားတဲ့ပုံစံအရ သခင်လေးတို့က တာ့ချူကနေလာကြတာထင်တယ်"

"ဟုတ်ကဲ့၊ မျိုးရိုးရင်းကတော့ တာ့ချူမှာရှိပါတယ်။ ဒါပေမယ့် ဒီနှစ်တွေတော့ ဝမ့်ရှီးကျိုးမှာပဲ အနေများခဲ့တာပါ။ အိမ်တော်ထိန်းရော အဲ့ကျွန်းကို ကြားဖူးရဲ့လား"

"သေချာပေါက် ကြားဖူးတာပေါ့ဗျာ။ ဝမ့်ရှီးကျိုးက တကယ်နေရာကောင်းတစ်ခုပဲလေ"

အိမ်တော်ထိန်းက လက်ဖက်ရည်များ ယူလာခဲ့ရန် လှမ်းမှာလိုက်ပြီးနောက် -

"ဒါဆိုလည်း ဧည့်သည်နှစ်ယောက်စလုံး ခဏလောက် အနားယူလိုက်ကြပါဦး၊ ကျွန်တော်မျိုးတို့ရဲ့ သခင်ကြီးကို သွားခေါ်လိုက်ပါဦးမယ်"

စစ်ကုန်းလွီ့က ခေါင်းငြိမ့်ပြလိုက်ကာ အိမ်တော်ထိန်း ထွက်သွားသည်ကို လိုက်ကြည့်နေ၏။ ခဏကြာတော့ တံခါးအပြင်ဘက်မှသည် တဖြည်းဖြည်းနီးလာသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက်မှာတော့ သက်လတ်ပိုင်းအရွယ်ထောင်ထောင်မောင်းမောင်း ယောကျ်ားသားတစ်ယောက်က တံခါးဖွင့်ပြီးဝင်လာကာ သူတို့အား ခါးကိုင်းပြီး အရိုအသေပြုလာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now