အခန်း - ၇၀ (တောင်အရပ်သို့ စုန်ဆင်းခြင်း)

8.9K 2.1K 137
                                    

[အရှင်မင်းမြတ်က ဘာအကြောင်းရှိလို့ ရှီးနန်ကို ကြွသွားတာတဲ့လဲ]
===============================

နှစ်သစ်ကူးသွားပြီးနောက်  ရှီးနန်မှ ပို့လာနေကျစာလွှာများမှာ အကြိမ်ရေ ကျဲပါးသထက်ကျဲပါးလာသည်။ ချူယွမ်ကတော့ ရောက်လာသမျှစာလွှာများကို တစ်ခုမကျန် အံဆွဲထဲ သေချာထည့်သိမ်းထားနေဆဲပင် ဖြစ်သည်။ ထို့နောက် နောက်ထပ်ရောက်လာမည့်စာလွှာများကို ဆက်၍မျှော်နေပြန်သည်။

နွေဦးရောက်တော့ ဝိုင်ဟွားပန်းထမင်းကို စားသုံးကြသည်။ မကြာခင်မှာပင် လမ်းတစ်လျှောက်တွင် သစ်သီးဝလံများ သီးညွှတ်ဖွံ့ဖြိုးကုန်ကြပြီ။ ထို့နောက်မှာတော့ စိုက်ပျိုးသီးနှံများ ရိတ်သိမ်းရမည့်အချိန်အခါသို့ရောက်လာကြကာ နှင်းမုန်တိုင်းများကို ဆောင်ကြဥ်းလာမည့် မြောက်အရပ်၏ လေပြေညှင်းကိုပါ ကြိုဆိုလက်ကမ်းခဲ့ကြသည်။ မြောက်ပြန်လေမှာ နောက်တစ်နှစ်တွင် မိုးလေဝသကောင်းမွန်ကာ စိုက်ပျိုးရေးဖြစ်ထွန်းမည်ဆိုသည့် နိမိတ်တစ်ခုပင်။

လက်ရှိဧကရာဇ်နန်းတက်ပြီးသည့်အချိန်မှစ၍ မိုးလေဝသလည်းမှန်ကန်ပြီး စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းကြောင်း၊ တိုင်းသူပြည်သားများလည်း ပို၍အေးချမ်းဖူလုံသောဘဝမျိုးနေထိုင်ခွင့်ရလာကြကြောင်း ပြောစမှတ်ပြုလာကြသည်။

"ဒီနှစ် ရာသီဥတုက အတော်ပဲ အေးစက်လှတယ်နော့၊ ဆောင်းရာသီတောင် မရောက်သေးဘဲနဲ့ နှင်းတွေ ဒီလောက်ကြီး ကျလာနေပြီ။ လမ်းမကြီးတွေပေါ်မှာလည်း နှင်းထုတွေ အထူကြီးလွှမ်းနေလို့ဆိုပြီး သက်ဆိုင်ရာအရာရှိတွေတောင် နှင်းထုတွေကို လိုက်ရှင်းပေးနေတယ်လို့ကြားရပါတယ်ဘုရား၊ မဟုတ်ရင် ပြည်သူတွေချော်လဲပြီး ထိခိုက်ဒဏ်ရာရမှာစိုးလို့တဲ့"

ရှစ်ဇီကုန်းကုန်းက ​ချူယွမ်ထံလျှောက်တင်လာခြင်းဖြစ်သည်။

"ကောဖေးတို့ကို လူအင်အားထပ်ဖြည့်ပေးလိုက်ပါဦး။ ပြည်သူတွေကို ထိခိုက်ဒဏ်ရာ မရစေလေနဲ့"

"အမိန့်တော်မြတ်အတိုင်းပါဘုရား"

ရှစ်ဇီက အမိန့်တော်ကို နာခံယူလိုက်ပြီးနောက် ခဏအကြာ ဆက်မေးလာ၏။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now