အခန်း - ၁၃၃ (မကြိုက်ဘူးဆိုလည်း မကြိုက်ဘူးပေါ့)

9.1K 1.5K 415
                                    

[သူ့ကို ဘာလို့ အရေးစိုက်နေရမှာလဲ]

စားဖိုဆောင်တွင် ချူယွမ်က သွမ့်ယောင်နှင့်အတူ ထမင်းလိုက်စားပြီးသွားသောသကာလ အချိန်အားဖြင့် ညဥ့်ဦးယံသာရှိသေးသည်မို့ သွမ့်ယောင်နှင့်အတူ အဘိုးအိုမုချီဆီသို့ သွားဖြစ်ခဲ့သည်။

သင်္ဘောကြီး၏ ဘယ်ဘက်ခြမ်းတွင် ကျယ်ဝန်းသောနေရာလွတ်တစ်ခုရှိကာ သစ်သားအတိုအစလေးများက ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲပုံအောနေလို့။ ထို့အပြင် ဖန်တီးဆောက်လုပ်၍မပြီးသေးသော ပစ္စည်းများလည်း တစ်ပုံကြီးကျန်နေသေး၏၊ အရာရာတို်င်းက လက်ရာမြောက်သော ပစ္စည်းများဖြစ်ဟန်ရသည်။

"ဟေ့လူ !!!!"

သွမ့်ယောင်က အဘိုးမုချီရှိရာသို့ အလောတကြီးလျှောက်သွားသောကြောင့် ယောက်ျားသားတစ်ယောက်နှင့် ဝင်တိုက်လုနီးနီးဖြစ်သွား၏။ ထိုယောက်ျားမှာ ပိုင်ရှန့်ပြည်၏ နာ့ရှီးရှစ်ပင်ဖြစ်သည်။

"သွမ့်ရှောင်ဝမ်ရယ်ကို ထိတ်လန့်စေမိပါပြီ"

နာ့ရှီးရှစ်က သူတို့အား ဂါရဝပြုရင်း တောင်းပန်လာ၏။

"ဘာသွားလန့်ပြီး ထွက်ပြေးလာတာလဲ"

ချူယွမ်က သူ့နောက်ဘက်ကို လှမ်းကြည့်လိုက်ရာ အဘိုးအိုမုချီကလည်း သူတို့ဘက် လှမ်းကြည့်လာသည်ကို တွေ့လိုက်ရ၏။ အဘိုးသည်လည်း ဘာဖြစ်သွားမှန်း နားမလည်သည့်ဟန်ရနေသည်။

နာ့ရှီးရှစ်က ခေါင်းငုံ့ထားကာ အသားတဆတ်ဆတ်တုန်ယင်နေ၏။ အရင်တစ်ခေါက် သေရွာပြန်လာသောအချိန်စပြီး တစ်နေ့တစ်နေ့ ကြောင်ကိုမြင်သောကြွက်ပမာ ကြောက်အားလန့်အားကြီးလွန်းသဖြင့် ဝိညာဥ်ကပါပျက်စီးပြီး စိတ်ဖောက်ပြန်သွားသယောင်။ စောနကလည်း အတူတူပင်၊ နာ့ဝါက သူ့ကို သေင်္ဘာအပေါ်ထပ်ပေါ် ခေါ်လာပြီး နေပူဆာလှုံမည်ဟုပြောတော့ အနှီနာ့ရီှးရှစ်က ဘာကိုတွေ့လို့တွေ့သွားမှန်းမသိ၊ ချက်ချင်းပင် နောက်ပြန်လှည့်ကာ ဆိုင်းမဆင့်ဗုံမဆင့် တစ်ချိုးတည်းပြေးသွားသဖြင့် သွမ့်ယောင်နှင့် ဝင်တိုက်မိခြင်းဖြစ်ပေသည်။

နာ့ဝါက အသံကိုနှိမ့်ပြီး ညီဖြစ်သူကိုသတိပေးလိုက်၏။

"မင်းကို ဧကရာဇ်ချူ အမေးတော်ရှိနေတယ်နော်"

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now