အခန်း - ၁၃၁ (မြောင့်ရှင်း)

8K 1.5K 300
                                    

[ဘာလို့ အော်မိထောဖောရုပ်မျိုးကို မပေါက်တာတုန်း]

အရှေ့အရပ်တွင် အရုဏ်ဦး၏ရောင်ခြည်တန်းများ လင်းဖြာလာပြီဖြစ်ကာ ထိုရွှေရောင်နေခြည်တန်းများက မြူနှင်းရည်များကို ကုန်ခမ်းသွားအောင် ငုံထွေးသောက်သုံးလိုက်ကြသည်။ ချူယွမ်က အမြင့်တစ်နေရာတွင်ရပ်နေကာ မျက်စိတစ်ဆုံး ငေးမောပျံ့လွင့်နေ၏။ ဤခရီးစဥ်တွင် သွမ့်ပိုင်ယွဲ့ကမည်သည့်အမှားအယွင်း အတိမ်းအစောင်းမှမရှိဘဲ ဘေးမသီရန်မခ ပြန်လာနိုင်မည်ဟု သိနေသော်ငြား ချူယွမ် စိတ်မပူဘဲမနေနိုင်ပြန်ပေ။

ယဲ့ကျင်က သင်္ဘောခေါင်မိုးထပ်တွင် ရပ်လိုက်ရင်း " အဟမ်း၊ အဟမ်း "ဆိုပြီး ချောင်းနှစ်ချက်ဆိုးလိုက်ကာ လက်ဝှေ့ယမ်းပြလိုက်၏။

"မနက်စာစားဖို့ ပြန်ဆင်းလာတော့"

"မင်းပဲ အရင်သွားနှင့်၊ ကိုယ်တော် ဗိုက်မဆာသေးဘူး"

ဪ၊ ထမင်းဟင်းတောင် မစားတော့ဘူးပေါ့လေ။

ယဲ့ကျင် အရမ်းရင်နာရ၏။

သံတုံးခပ်ညံ့ညံ့ကို သံကောင်းတစ်ခုဖြစ်လာအောင် ဘယ်လိုမှ ပုံသွင်းလို့ရမည်မဟုတ်တော့။ အစ်ကိုဖြစ်သူ၏ အင်္ကျီလည်ပင်းကို ဆွဲပြီးတော့သာ - " လိမ်လိမ်မာမာလေး နေပေးလို့မရဘူးလားဟမ်!!!!!! "  ဆိုပြီး အားရပါးရ ဆောင့်ဆွဲခါယမ်းပစ်လိုက်ချင်၏။

ထိုစဥ်မှာပင် ချူယွမ်၏မျက်ဝန်းများထဲ ပြုံးရိပ်သမ်းသွား၏။ထို့နောက် အဝေးတစ်နေရာရှိ လူတစ်ယောက်ဆီ လက်ဝှေ့ယမ်းပြနေသည်။

ယဲ့ကျင် ချက်ချင်းလှည့်ကြည့်လိုက်၏။

ထင်ထားသည့်အတိုင်းပါပေ၊ နေခြည်လွှမ်းသောမြူခိုးထုကို လှေငယ်တစ်စင်းက လျင်မြန်စွာ ထွင်းဖောက်ကာ အနားရောက်လာ၏။ တံခွန်လွှင့်ထားသော သင်္ဘောကြီးနားသို့ နီးကပ်လာသောအခါ သွမ့်ပိုင်ယွဲ့က ချူယွမ်အနားသို့ရောက်လာအောင် ခုန်ပျံပြီးရောက်ချလာ၏။

ယဲ့ကျင်မှာ လက်ထဲက ပုလင်းအဖြူကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။

မုန်းစရာကောင်းလိုက်တာ။
ဘာကိစ္စ အဲ့လောက် လောနေရတာလဲ။

ဧကရာဇ်ဗျူဟာ [Di Wang Gong Lue]Where stories live. Discover now